iPhone 17 မော်ဒယ် အားလုံးမှာ 12GB RAM ပါလာမယ်လို့ မကြာခင်က သတင်းထွက်ခဲ့ပြီး iPhone 16 Series မှာတော့ 8GB RAM ထည့်သွင်းထားမယ်လို့ သိရပါတယ်။ အခုတော့ TF International Securities ရဲ့ လေ့လာဆန်းစစ်သူ Ming-Chi Kuo က အဲဒီ သတင်းကို ရှင်းလင်းပြောကြားလိုက်ပါတယ်။

iPhone 17 Hinted To Be A Better Upgrade Than iPhone 16, As One Rumor Claims That RAM Will Be Bumped Up From 8GB To 12GB

သူက iPhone 17 Pro Max ၁ လုံးထဲမှာပဲ 12GB RAM ပါလာမှာ ဖြစ်ပြီး iPhone 17 , iPhone 17 Pro နဲ့ iPhone 17 Slim မှာ 8GB RAM ပဲ ထည့်သွင်းထားမယ်လို့ ပြောပါတယ်။

Apple ဟာ iPhone 17 Pro Max မှာ On-device AI စွမ်းရည်ကို ဦးစားပေး ထည်သွင်းထားမှာ ဖြစ်ပြီး တခြား iPhone 17 မော်ဒယ်တွေမှာ ပါလာမှာ မဟုတ်ပါဘူး။

iPhone 17 range may increase RAM to 12GB

Pro Max မှာ အဆင့်မြှင့်ထားတဲ့ Cooling System ပါလာမှာ ဖြစ်ပြီး Vapor Chamber နည်းပညာနဲ့ Graphite Sheets တွေ ပါလာမှာပါ။  ကျန်တဲ့ iPhone 17 Series မှာ အရင်မော်ဒယ်တွေမှာလို Graphite Sheets ပဲ ထည့်သွင်းထားမှာပါ။

Kuo က Pro Max ဟာ iPhone ရောင်းအားရဲ့ ၄၀ ရာခိုင်နှုန်း နီးပါး ရှိတယ်လို့ ပြောပြီး Apple ရဲ့ အဓိက ဝင်ငွေ ဖြစ်ပါတယ်။ အဲဒီအတွက် Apple ဟာ Pro Max မှာ အကောင်းဆုံး Specs တွေကို ထည့်သွင်းပေးထားတာ ဖြစ်ပါတယ်။

Ref : gsmarena