Mixpanel က ပြုလုပ်တဲ့ သုတေသန စစ်တမ်း အရ iPhone User တွေဟာ iOS 16 ကို လျှင်လျှင်မြန်မြန် အင်စတောလုပ်ကြတယ်လို့ သိရပါတယ်။ iOS 16 ကို ဖြန့်ချိပြီး ၃ ရက်အတွင်း အင်စတောလုပ်သူဟာ  အရင်နှစ်က iOS 15 ထက် ပိုများပါတယ်။

iOS 16 Lock Screen: How to customize iPhone - 9to5Mac

iOS 16 ကို ဖြန့်ချိပြီး ၂၄ နာရီအတွင်း iPhone User ၆.၇၁ ရာခိုင်နှုန်းက အင်စတောလုပ်ခဲ့ကြပြီး iOS 15 တုန်းက ပထမဆုံးနေ့မှာ ၆.၄၈ ရာခိုင်နှုန်းပဲ အင်စတောလုပ်ခဲ့ကြပါတယ်။ iOS 14 တုန်းက ပထမဆုံးနေ့မှာ အင်စတောလုပ်သူဟာ ၉.၂၂ ရာခိုင်နှုန်း ရှိခဲ့ပါတယ်။

iOS 16 | Release date | Voor welke iPhones | Wat is er nieuw? - iCreate

၃ ရက်အတွင်း iOS 16 ကို အင်စတောလုပ်သူဟာ ၁၀.၄၅ ရာခိုင်နှုန်း ရှိပြီး iOS 15 တုန်းက ၉.၆၈ ရာခိုင်နှုန်းနဲ့ iOS 14 တုန်းက ၁၄.၆၈ ရာခိုင်နှုန်း ရှိခဲ့ပါတယ်။

iOS 16 မှာ iPhone User တွေအတွက် Customize လုပ်နိုင်တဲ့ Lock Screen အသစ်၊ iMessage အသစ်နဲ့ SharePlay လုပ်ဆောင်ချက်တွေ ပါလာပါတယ်။ Facetime Call တွေကို Apple Device တွေအကြားမှာ လွှဲပြောင်းနိုင်လာပါတယ်။ iOS 16.1 Beta ကို Developer Testers တွေအတွက် ဖြန့်ချိပေးထားပါတယ်။

ref : gsmarena