Foldable စမတ်ဖုန်း ဈေးကွက်ဟာ အရှိန်အဟုန် ပြင်းပြင်းနဲ့ တိုးတက်လာနေပါတယ်။ အဲဒီအတွက် Apple ကလည်း Foldable iPhone ကို ထုတ်လုပ်ချင်နေပြီး အဲဒီဖုန်းကို နောက်နှစ်အနည်းငယ်အတွင်း ရောင်ချမယ်လို့ သတင်းမျိုးစုံကြားနေရပါတယ်။

De eerste iPhone Fold is uit – en Apple heeft hem niet gemaakt

အခုတော့ TrendForce က Apple ဟာ ၂၀၂၇ ခုနှစ် မတိုင်ခင် Foldable iPhone ကို ရောင်းချမှာ မဟုတ်ဘူးလို့ ပြောပါတယ်။ Apple ဟာ Foldable iPhone မှာ ခေါက်ချိုးရာ မပေါ်အောင်နဲ့ နှစ်ပေါင်းများစွာ ခေါက်ချိုး အသုံးပြုနိုင်လောက်အောင် မာကျောကြံ့ခိုင်ဖို့ ဖန်တီးနေတဲ့အတွက် အချိန်နောက်ကျပြီးမှ ရောင်းတာလို့ ပြောပါတယ်။

iPhone Fold | Rumors, Release Date

TrendForce က Apple ဟာ ပထမဆုံး iPhone Fold အတွက် အစိတ်အပိုင်းတွေရဲ့ Specification နဲ့ စွမ်းဆောင်ရည်ကို တွက်ချက်နေတုန်းလို့ ပြောပါတယ်။ iPhone Fold ကို ၂၀၂၇ ခုနှစ် ကျမှ ရောင်းချမှာ ဖြစ်ပြီး အစောဆုံး အနေနဲ့ နောက်နှစ်မှာ စတင် ဖန်တီးမှာပါ။ အဲဒီအတွက် Apple Supplier တွေဟာ Apple လိုချင်တဲ့ Specification တွေကို ပြည့်မီအောင် ပြုလုပ်ဖို့ အချိန်ရမှာပါ။

လက်ရှိမှာ Huawei ဟာ Samsung ကို ကျော်တက်ပြီး ကမ္ဘာမှာ Foldable စမတ်ဖုန်း ရောင်းအား အကောင်းဆုံး ဖြစ်နေပါတယ်။ ဒါပေမယ့် Samsung ဟာ Galaxy Z Fold6 နဲ့ Z Flip6 တို့ကို နောက်လမှာ ရောင်းချပြီးချိန်မှာ Huawei ရဲ့ သရဖူကို ပြန်လည်လုယူလာနိုင်ပါတယ်။

Ref : gsmarena