Apple ဟာ လက်ရှိအချိန်မှာ အသုံးပြုသူတွေအတွက် စိတ်ကျေနပ်မှုအရရှိဆုံး Brand တစ်ခုလို့တောင် ပြောနိုင်ပါတယ်။ အခုလည်း Consumer Intelligence Research Partners လို့နာမည်ရတဲ့ Analyst ကုမ္ပဏီတစ်ခုကလည်း အဆိုပါသတင်းကို အတည်ပြုလိုက်ပါတယ်။
ဒါကတော့ လက်ရှိအချိန်မှာ iPhone ကို ဝယ်ယူအသုံးပြုနေတဲ့သူတွေရဲ့ ၉၀ ရာခိုင်နှုန်းကျော်က တခြားသော Android ဖုန်းတွေကို ပြောင်းလဲဖို့ စိတ်ကူးမရှိဘူးလို့ သိရတာဖြစ်ပါတယ်။ US နိုင်ငံမှာ Apple ဟာ စမတ်ဖုန်းရောင်းချရမှုရဲ့ ထက်ဝက်နီးပါးအထိ စျေးကွက်ရဲ့ ၄၃ ရာခိုင်နှုန်းကို ၃ နှစ်ဆက်တိုက်ရယူထားတာဖြစ်ပါတယ်။ တစ်ဖက်မှာတော့ Samsung ဟာ ၃၁ ရာခိုင်နှုန်းပဲရှိနေပြီး LG ကတော့ ၉ ရာခိုင်နှုန်းပဲရှိနေတယ်လို့ သိရပါတယ်။
အခုလိုမျိုး Apple ကနေ တခြားသော Android ဖုန်းကို ပြောင်းလဲမှုအလွန်နည်းပါးတာက Apple ကနေ ရရှိနေတဲ့ Service တွေနဲ့ User Experience ကို Android မှာ ရရှိနိုင်ခြင်းမရှိတာကြောင့်လို့ ယူဆရပါတယ်။ အထူးသဖြင့် iMessage လိုမျိုး Feature တွေကြောင့် Android ဖုန်းကို ပြောင်းလဲနိုင်ခြင်းမရှိသေးတာဖြစ်ပါတယ်။
တစ်ဖက်မှာတော့ Android စမတ်ဖုန်း Brand တွေထဲမှာ ပြောင်းလဲမှုက ပိုမြင့်မားပြီး အမြင့်ဆုံးအနေနဲ့ Samsung ကို အသုံးပြုသူ ၆၀ ရာခိုင်နှုန်းဝန်းကျင်ခန့်ပဲ ဆက်လက်ပြီး Samsung ကို အသုံးပြုမှာဖြစ်တယ်လို့ သိရပါတယ်။ ဒါပေမယ့်လည်း Android OS အတွင်းမှာပဲ ဆက်လက်အသုံးပြုမယ့်သူတွေအနေနဲ့ကတော့ ၉၀ ရာခိုင်နှုန်းကျော်ရှိနေပါတယ်။
Ref – 9to5Mac