Apple iPhone SE 2022 ရဲ့ ရောင်းအားဟာ သန်း ၃၀ လောက် ရှိနိုင်ပြီး အရင်မော်ဒယ်ရဲ့ ၂၀၂၀ ရောင်းအား ဖြစ်တဲ့ ၂၅ – ၃၀ သန်းကို အမှီလိုက်နိုင်မယ်လို့ Digitimes ရဲ့ လေ့လာဆန်းစစ်သူ Sean Lin နဲ့ Luke Lin က တွက်ချက်ထားပါတယ်။

iphone se 2022 featured

Apple ဟာ ဒီနှစ် ကွာတား ၁ ဖြစ်တဲ့ ဇန်နဝါရီလကနေ မတ်လအတွင်း iPhone SE အသစ်ရဲ့ အစိတ်အပိုင်း ၅ သန်းကို ပြင်ဆင်ထားပြီးပြီ ဖြစ်ပေမယ့် တကယ့် ရောင်းအားဟာ အဲဒီ ကိန်းဂဏန်းထက် နည်းပါးမယ်လို့ လေ့လာဆန်းစစ်သူတွေက ပြောပါတယ်။

Apple announces the new iPhone SE: a powerful smartphone in an iconic design - Apple

ဒါပေမယ့် ကွာတား ၂ ဖြစ်တဲ့ ဧပြီလကနေ ဇွန်လအတွင်း ရောင်းအားဟာ ၁၁ သန်းလောက်အထိ မြင့်တက်သွားနိုင်ပြီး ကွာတား ၃ ဖြစ်တဲ့ ဇူလိုင်လကနေ စက်တင်ဘာလအတွင်းမှာလည်း ရောင်းအားဟာ အဲဒီပမာဏလောက် ရှိလာနိုင်ပါတယ်။ ကွာတား ၄ မှာတော့ နောက်မျိုးဆက် iPhone 14 ကို နေရာပေးဖို့အတွက် ရောင်းအား ကျဆင်းလာမယ်လို့ သုံးသပ်ကြပါတယ်။

iPhone SE 2022 အပါအဝင် Samsung နဲ့ တရုတ် ကုမ္ပဏီတွေရဲ့ ဖုန်းရောင်းအားကြောင့် ၂၀၂၂ ခုနှစ်အတွင်း တရုတ် ပြင်ပက နိုင်ငံတွေမှာ 5G ဖုန်း ရောင်းအား အရမ်းကောင်းလာနိုင်ပါတယ်။ ၂၀၂၁ ခုနှစ်မှာ 5G ဖုန်း ရောင်းအား သန်း ၂၈၀ လောက် ရှိခဲ့ပြီး ၂၀၂၂ ခုနှစ်မှာ ၆၀ ရာခိုင်နှုန်းကျော် တိုးတက်လာကာ သန်း ၄၅၀ အထိ ရှိလာနိုင်ပါတယ်။

ref : gizmochina