iQOO 10 စီးရီးဟာ မကြာခင်မှာပဲ ထွက်ရှိလာမယ်လို့ သတင်းကြီးနေပါပြီ။ ဒီစီးရီးမှာ အနည်းဆုံး မော်ဒယ်တစ်ခုကတော့ Dimensity 9000+ chipset သုံးထားမယ်လို့လည်း သိရပါတယ်။ အဲဒါကတော့ Vanilla မော်ဒယ်ဖြစ်နိုင်ပါတယ်။

TENAA ရဲ့ Certified ကို ရရှိထားတဲ့ Device က Pro မော်ဒယ်ဖြစ်ပြီး Snapdragon 8+ Gen 1 နဲ့ ဖြစ်ပါတယ်။ ဒါကြောင့် Dimensity 9000+ ကို သုံးထားတာဟာ Vanilla ဗားရှင်းဖြစ်နိုင်တယ်လို့ ခန့်မှန်းရပါတယ်။ Listing မှာ အခြား Specs အချို့ကိုလည်း ဖော်ပြထားတဲ့အတွက် ဒီ Device အကြောင်း အနည်းငယ်ပိုပြီး သိလာရပါတယ်။


iQOO 10 Pro ဟာ 6.78-inch AMOLED မျက်နှာပြင်နဲ့ဖြစ်ပြီး 1,440p resolution ဖြစ်တဲ့အတွက် သူ့ရှေ့ကမျိုးဆက်ကို ဆက်ပြီးအမွေခံထားတယ်ပဲ ဆိုရပါလိမ့်မယ်။ vivo ရဲ့ အမှတ်တံဆိပ်ခွဲဟာ RAM ရွေးချယ်မှုအဖြစ် 6/8/12/16GB ဆိုပြီး ၄ မျိုးအထိ ထုတ်လုပ်ပေးထားတာ ဖြစ်ပါတယ်။ သိုလှောင်မှုပမာဏကတော့ 128/256/512GB သုံးမျိုးပဲ ရွေးနိုင်မှာ ဖြစ်ပါတယ်။

ကျောဘက်မှာ 50MP ကင်မရာနှစ်လုံး ပါဝင်ပြီး 14.6MP snapper နဲ့အတူ တွဲဖက်ထားပါတယ်။ ဒါဟာ iQOO 9 Pro နဲ့ အတော်လေးကို ဆင်တူနေပါတယ်။ ဒါပေမဲ့ Sensors တွေ ပြောင်းလဲသွားတာတော့ ငြင်းနိုင်မယ်မထင်ပါဘူး။ ဘက်ထရီပမာဏကို 2,275 mAh အဖြစ် Listing မှာ တွေ့မြင်ရပါတယ်။ ဒါဟာ ပိုပြီးတော့ အားမြန်မြန်သွင်းနိုင်ဖို့ ကုမ္ပဏီအတော်များများကအသုံးပြုနေတဲ့ Dual-cell solution ရဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်ပါတယ်။

iQOO 9 Pro

ဒါကြောင့် iQOO 10 Pro ရဲ့ အလုံးစုံဘက်ထရီပမာဏဟာ 4,500mAh ထက်ပိုမယ် (ပုံမှန် 4,700mAh ဖြစ်နိုင်) ဆိုတဲ့ အဓိပ္ပါယ်ပါပဲ။ ဝမ်းနည်းစရာက TENAA ဟာ အားသွင်းတာနဲ့ပတ်သက်တဲ့ အသေးစိတ်အချက်အလက်ကို မဖော်ပြတာကြောင့် 200W ကောလာဟလကို အတည်မပြုနိုင်သေးပါဘူး။

iQOO 10 Pro ကို Black နဲ့ White နှစ်ရောင် ထုတ်လုပ်ထားတယ်လို့သိရပြီး ဟန်းဆက်ရဲ့အလေးချိန်ဟာ 216 grams ဖြစ်ပြီး အတိုင်းအတာကတော့ 194.9 x 75.5 x 9.5 mm ဖြစ်ပါတယ်။

Ref: GSM Arena