iQOO က iQOO 11 5G နဲ့ iQOO 11 Pro 5G ကို ကြေညာထားပြီးပြီ ဖြစ်ပြီး အခုတော့ iQOO 11S ကို တရုတ်မှာ မိတ်ဆက်လိုက်ပါတယ်။ iQOO 11S မှာ 6.78” E4 AMOLED မျက်နှာပြင်ပြား တပ်ဆင်ထားပြီး မျက်နှာပြင် အထက် အလယ်မှာ Punch Hole ပါပါတယ်။

iQOO 11s launched in China: price, specifications

2K Resolution ရှိပြီး 144Hz Refresh Rate နဲ့ 1,800 nits Peak Brightness ထောက်ပံ့ထားပါတယ်။ မျက်နှာပြင်အောက်မှာ လက်ဗွေရာ ကိရိယာမြှုပ်နှံထားပြီး အနောက်ဘက်မှာ လေးထောင့်ပုံ ကင်မရာ Module ထည့်ထားပါတယ်။

iQOO 11S ရဲ့ အနောက်ဘက်မှာ 50MP OIS Sony IMX866 VCS Sensor, 8MP Ultrawide-angle Lens နဲ့ 13MP Portrait Lens တပ်ဆင်ထားပြီး ဆဲလ်ဖီး ကင်မရာက 16MP ဖြစ်ပါတယ်။

iQOO 11S မှာ Snapdragon 8 Gen 2 Processor မောင်းနှင်ထားပြီး 16GB RAM နဲ့ 1TB UFS 4.0 Storage အထိ ထည့်သွင်းထားပါတယ်။ အပူစုပ်ယူပေးတဲ့ VC Cooling System ပါပါတယ်။ 200W Fast Charging ထောက်ပံ့တဲ့ 4,700mAh Battery တပ်ဆင်ထားပြီး Android 13 OS မောင်းနှင်ထားပါတယ်။

iQOO 11s with Snapdragon 8 Gen 2, 200W charging, 6.78″ 2K+ 144Hz E6 Amoled display launched in China: Price, Specifications, Availability: iQOO TWS 1 Earbuds Tags Along

iQOO 11S ရဲ့ 12GB+256GB Version ကို ၃,၇၉၉ ယွမ် ( ၅၂၆ ဒေါ်လာ) သတ်မှတ်ထားပါတယ်။ 16GB+256GB နဲ့ 16GB+512GB ကို ၄,၀၉၉ ယွမ်(၅၆၇ ဒေါ်လာ)နဲ့ ၄,၃၉၉ ယွမ်(၆၀၉ ဒေါ်လာ) အသီးသီး ကျသင့်ပါတယ်။

16GB+1TB ကို ၄,၇၉၉ ယွမ် (၆၆၅ ဒေါ်လာ) သတ်မှတ်ထားပါတယ်။ တရုတ်မှာ ကြိုတင်မှာယူနိုင်ပြီ ဖြစ်ပြီး ဒီလ ၁၀ ရက်နေ့ ရောင်းမှာပါ။ Sky Blue, Black နဲ့ BMW Legend Edition တွေ ထုတ်လုပ်ထားပါတယ်။

ref : gizmochina