iQOO 3 5G ကို လာမယ့် ၂၅ ရက်နေ့မှာ ကြေညာတော့မှာ ဖြစ်ပြီး ပြီးခဲ့တဲ့ ၁ ပတ်က အဲဒီဖုန်းဟာ Geekbench ကို ရောက်လာပါတယ်။ iQOO 3 5G ရဲ့  အဓိက Specs တွေကို Geekbench မှာ သိလိုက်ရပါတယ်။ အခုတော့ အဲဒီဖုန်းဟာ AnTuTu ကို ရောက်လာပြီး ၅၉၇,၅၈၃ မှတ်ရသွားပါတယ်။ လက်ရှိအချိန်အထိ AnTuTu မှာ အမှတ် အများဆုံးရထားတဲ့ စမတ်ဖုန်း ဖြစ်လာပါတယ်။

iQOO က အဲဒီ ဖုန်းရဲ့ Specs တချို့ကို အတည်ပြုထားပြီး Snapdragon 865 SoC , 48MP Quad Rear ကင်မရာနဲ့ UFS 3.1 Storage ‌တွေပါလာမှာ ဖြစ်ပါတယ်။ ကုမ္ပဏီ မကြာခင်က မျှဝေထားတဲ့ ပိုစတာတွေအရ LPDDR5 RAM နဲ့ WiFi 6 ပါလာမယ်လို့ သိရပါတယ်။

ကုမ္ပဏီရဲ့ အိန္ဒိယ ဌာနက YouTube မှာ ဗီဒီယို ၁ ခု တင်ထားပြီး iQOO 3 5G မှာ 55W Flash SuperCharge ပါတဲ့ 4,440mAh ဘက်ထရီ ပါလာမယ်လို့ သတင်းပေးထားပါတယ်။ ဒီအားသွင်းနည်းပညာက ၁၅ မိနစ်အတွင်းမှာ ၀ ကနေ  ၅၀ ရာခိုင်နှုန်း အားဖြည့်ပေးနိုင်ပါတယ်။ နောက်ထပ် ဗီဒီယို ၁ ခုမှာ iQOO India က ဖုန်းရဲ့ အနောက်ဘက်ကို ပြသထားပြီး 5G ဆက်သွယ်မှုပါလာမယ်ဆိုတာ သတင်းပေးထားပါတယ်။

iQOO 3 5G ရဲ့ Specs အပြည့်အစုံဟာ TENAA ကနေ ထွက်ပေါ်ခဲ့ဖူးပြီး အိန္ဒိယမှာ Flipkart ကနေ ရောင်းမှာပါ။ ၂၅ ရက်နေ့မှာ အဲဒီဖုန်းရဲ့ သတင်းအချက်အလက် အပြည့်အစုံကို တရားဝင် သိရတော့မှာပါ။

ref : gsmarena