iQOO က BMW M Motorsport for the 2020 DMT Season အတွက် Official Partner ဖြစ်တယ်လို့ မကြာခင်က အတည်ပြုခဲ့ပြီး ဒီလ ၁၇ ရက်နေ့မှာ iQOO 5 Series ကနေ BMW Edition ၁ လုံး ကြေညာမယ်လို့ သိရပါတယ်။ အခုတော့ iQOO က iQOO 5 Pro BMW Edition လို့ထင်ရတဲ့ ဖုန်းရဲ့ အနောက်ဘက်ကို ပြသလိုက်ပါတယ်။

ဖုန်း အနောက်ဘက်ကို ကာဘွန်ဖိုက်ဘာနဲ့ တည်ဆောက်ထားနိုင်ပြီး ဘေး ၂ ဖက်ဟာ အကွေး ဒီဇိုင်း ဖြစ်ပါတယ်။ ဘေးဘက်တွေဟာ အပြာရောင် သမ်းနေပြီး ကင်မရာ ၃ လုံးကို ဒေါင်လိုက် တပ်ဆင်ထားပါတယ်။ ကင်မရာတွေရဲ့ သတင်းအချက်အလက်တွေကို မသိရသေးဘဲ တတိယ ၁ လုံးဟာ Periscope Zoom Lens ဖြစ်နိုင်ပါတယ်။

iQOO 5 Pro မှာ သုံးထားမယ့် ကင်မရာက 16mm to 135m Focal Length အထိ ထောက်ပံ့မှာ ဖြစ်ပြီး 5x Optical Zoom နဲ့ 60x Digital Zoom တွေ ပါလာနိုင်ပါတယ်။ iQOO 5 Series မှာ iQOO 5 နဲ့ iQOO 5 Pro တို့ ပါလာမှာဖြစ်ပြီး ၂ လုံးစလုံးမှာ Snapdragon 865 , LPDDR5 RAM , UFS 3.1 Storage နဲ့ 120Hz Refresh Rate ပါလာနိုင်ပါတယ်။

iQOO 5 Series မှာ ၆.၅၆ လက်မ AMOLED မျက်နှာပြင်ပါလာနိုင်ပြီး ရိုးရိုး မော်ဒယ်မှာ မျက်နှာပြင်ပြားနဲ့ Pro မှာ မျက်နှာပြင်ကွေး ထည့်ထားနိုင်ပါတယ်။ iQOO 5 မှာ 55W Fast Charging နဲ့ Pro မှာ 120W Rapid Charging တွေ ပါလာနိုင်ပါတယ်။

ref : gizmochina