iQOO 7 ကို ပြီးခဲ့တဲ့ ရက်သတ္တပတ် အနည်းငယ်က တရုတ်မှာ ကြေညာခဲ့ပြီး Snapdragon 888 Chipset ပါတဲ့ ဒုတိယမြောက် ဖုန်း ဖြစ်ခဲ့ပါတယ်။ ပထမဆုံး ရောင်းချတဲ့ နေ့မှာ Vivo ဟာ ဝင်ငွေ ယွမ် သန်း ၂၀၀ တောင်ရခဲ့ပါတယ်။
အဲဒီ စွမ်းရည်မြင့် ဖုန်း အသစ်မှာ တိုးတက်မှုတွေ ပါလာပေမယ့် ဘက်ထရီက အရင်မျိုးဆက် iQOO 5 Pro အတိုင်းထည့်ထားပါတယ်။ iQOO 7 မှာ iQOO 5 Pro မှာလို 4,000mAh ဘက်ထရီပဲ တပ်ဆင်ထားပါတယ်။ အခုတော့ နောက်မျိုးဆက် iQOO 9 မှာ ပိုကြီးတဲ့ ဘက်ထရီ ထည့်သွင်းထားမယ်လို့ သတင်းထွက်လာပါတယ်။
တရုတ်က Digital Chat Station က Vivo ဟာ Dual-cell ဘက်ထရီကို ထုတ်လုပ်နေတယ်လို့ ပြောပါတယ်။ ဘက်ထရီ ၁ ခုစီမှာ 2,155mAh ပါလာပြီး ၂ ခုပေါင်းဟာ 4,310mAh ဖြစ်မှာပါ။ iQOO 3 ရဲ့ 4,400mAh ဘက်ထရီလောက် ဖြစ်သွားမှာပါ။
ကုမ္ပဏီတွေဟာ အားသွင်းနှုန်း အရမ်းမြန်အောင် Dual-cell ဘက်ထရီတွေကို အသုံးပြုလာကြပါတယ်။ iQOO 9 မှာ iQOO 7 နဲ့ iQOO 5 Pro မှာလို 120W Fast Charging ထည့်သွင်းထားနိုင်ပါတယ်။ iQOO 9 ကို ဒုတိယနှစ်ဝက်လောက်မှာ ကြေညာနိုင်ပါတယ်။
Ref : gizmochina