iQOO 9 Series ကို တရုတ်မှာ ပြီးခဲ့တဲ့ လက ကြေညာခဲ့ပြီး နိုင်ငံတကာ ဈေးကွက်ကို စတင် ဖြန့်ချိတဲ့ အနေနဲ့ ဒီလ ၂၃ ရက်နေ့ အိန္ဒိယမှာ ကြေညာတော့မှာ ဖြစ်ပါတယ်။ အိန္ဒိယမှာ ကြေညာမယ့် မော်ဒယ်တွေအထဲမှာ iQOO 9 , iQOO 9 Pro နဲ့ iQOO 9 SE တို့ ပါဝင်မှာ ဖြစ်ပါတယ်။ iQOO က နိုင်ငံတကာ မော်ဒယ်တွေရဲ့ Specs တွေကို မဖော်ပြထားသေးပေမယ့် ကုမ္ပဏီရဲ့ အိန္ဒိယ ဌာနက iQOO 9 Series မှာ 4,700mAh ဘက်ထရီနဲ့ 120W Charging ပါလာမယ်လို့ အတည်ပြုလိုက်ပါတယ်။

တရုတ်မှာ ရောင်းချထားတဲ့ iQOO 9 နဲ့ iQOO 9 Pro မှာလည်း တူညီတဲ့ ဘက်ထရီ ပမာဏနဲ့ အားသွင်းနှုန်း ထည့်သွင်းထားတာ ဖြစ်ပါတယ်။ အိန္ဒိယမှာ ပြီးခဲ့တဲ့ နှစ်က ကြေညာခဲ့တဲ့ iQOO 7 Legend မှာ 66W Charging ပဲ ပါလာတဲ့အတွက် iQOO 9 Series မှာ အားသွင်းအမြန်နှုန်း အများကြီးတိုးတက်လာမှာဖြစ်ပါတယ်။

အရင်က အတည်ပြုထားတဲ့ သတင်းအရ iQOO 9 Series မှာ Snapdragon 8 Gen 1 SoC ၊ 50MP GN5 Gimbal ကင်မရာ ၊ 50W Wireless Charging ၊ 2K E5 AMOLED မျက်နှာပြင်၊ 3D Ultrasonic လက်ဗွေရာ ကိရိယာနဲ့ Intelligent Display Chip တို့ ပါဝင်မှာ ဖြစ်ပါတယ်။

အထက်ဖော်ပြပါ Specs အားလုံးဟာ iQOO 9 Series အကုန်လုံးမှာ တူညီစွာ ပါဝင်မှာ မဟုတ်ဘဲ ကွဲပြားခြားနားမှုတွေ ပါလာမှာ ဖြစ်ပါတယ်။ မိတ်ဆက်ပွဲ မတိုင်ခင်မှာ အဲဒီ စမတ်ဖုန်းတွေရဲ့ သတင်းအချက်အလက်တွေကို ပိုမို သိလာရတော့မှာ ဖြစ်ပါတယ်။

Ref : gsmarena