iQOO Brand ဟာ စွမ်းဆောင်ရည်ကောင်းမွန်ပြီး စျေးနှုန်းသင့်တင့်တဲ့စမတ်ဖုန်းတွေကို ဆက်တိုက်မိတ်ဆက်နေတယ်လို့ ပြောနိုင်ပြီး နောက်ဆုံး iQOO Neo 7 Series ထဲမှာလည်း ဖုန်း ၃ မျိုးအထိ မိတ်ဆက်ထားပြီးဖြစ်ပါတယ်။

iQOO Neo 7 ဖုန်းဟာ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလတုန်းက မိတ်ဆက်ခဲ့တဲ့ iQOO Neo 7 SE နဲ့ အတော်များများဆင်တူတာကို တွေ့ရပါတယ်။ အဓိကအနေနဲ့ Chipset ပိုင်းမှာ MediaTek ရဲ့ Dimensity 8200 Chipset ကို အသုံးပြုထားမှာဖြစ်ပါတယ်။

RAM အနေနဲ့ 8GB သို့မဟုတ် 12GB LPDDR5 RAM ကို ရွေးချယ်နိုင်မှာဖြစ်ပြီး နောက်ထပ် Virtual RAM 8GB ကို Extended RAM 3.0 Feature ကနေ ထပ်မံထည့်သွင်းနိုင်မှာဖြစ်ပါတယ်။ Cooling ပိုင်းအတွက် iQOO Neo 7 ဖုန်းမှာ ကြီးမားတဲ့ Vapor Chamber Cooling စနစ်အပြည့် Graphite Sheet တွေအများအပြားပါဝင်မှာဖြစ်ပါတယ်။

Display အနေနဲ့ 6.78″ AMOLED Display ကို အသုံးပြုထားပြီး Full HD+ Resolution အပြင် 120Hz Refresh Rate ကို ထောက်ပံ့ပေးနိုင်မယ်လို့ သိရပါတယ်။ HDR 10+ ကိုပါ ထောက်ပံ့ပေးထားပြီး Maximum Brightness ကို ပုံမှန်အသုံးပြုနေတဲ့အချိန်မှာ 500nits နဲ့ High Brightness Mode မှာ 1000nits အထိ အသုံးပြုနိုင်မှာဖြစ်ပါတယ်။

Gaming ပိုင်းအတွက်လည်း iQOO Neo 7 ဖုန်းမှာ Feature အများအပြားပါဝင်ပြီး တစ်ခုက ပုံမှန် 300Hz Touch Sampling Rate ကို Gaming အတွက် 1200Hz Instant Mode အနေနဲ့ ပြောင်းလဲနိုင်တာပဲဖြစ်ပါတယ်။ ဒါ့အပြင် Ultra Game Mode ကနေ Motion Control တွေအသုံးပြုနိုင်ပြီး မတူညီတဲ့ Motion ၆ မျိုးအထိ မှတ်ထားပြီး အသုံးပြုနိုင်မယ်လို့ သိရပါတယ်။

iQOO Neo 7 ဖုန်းဟာ 5000mAh Battery ပါဝင်မှာဖြစ်ပြီး 120W FlashCharge Fast Charging စနစ်လည်းပါဝင်မှာဖြစ်ပါတယ်။ ဒါကြောင့် 1-50% ကို အားသွင်းဖို့ အချိန် ၁၀ မိနစ်ပဲ လိုအပ်မှာဖြစ်ပြီး 100% အထိ အားသွင်းဖို့အတွက် အချိန် ၂၅ မိနစ်ပဲ လိုအပ်မှာဖြစ်ပါတယ်။ အားသွင်းတဲ့အချိန်မှာ ဖုန်းအပူချိန်ကို လျော့ချပေးနိုင်ပြီး အနည်းငယ်အချိန်ပိုကြာမယ့် “Fast” Mode အပြင် Battery ကို အမြန်ဆုံးအားသွင်းနိုင်မယ့် “Super Fast” ဆိုပြီး Mode ၂ မျိုး ရွေးချယ်အားသွင်းနိုင်မှာဖြစ်ပါတယ်။

Camera ပိုင်းမှာ 64MP ISOCELL GW3 Sensor ကို အသုံးပြုထားပြီး ကျန်တဲ့ Camera Sensor ၂ ခုအတွက် 2MP Macro Sensor နဲ့ 2MP Depth Sensor တွေပဲ ပါဝင်မှာဖြစ်ပါတယ်။ iQOO ရဲ့ ပြောကြားချက်အရ Neo 7 ဖုန်းဟာ Android 15 အထိ OS Update ရရှိမယ့်အပြင် Security Update တွေကိုလည်း ၃ နှစ်ရရှိသွားမယ်လို့ သိရပါတယ်။

စျေးနှုန်းအနေနဲ့ iQOO Neo 7 ဖုန်းဟာ RAM 8GB ၊ 128GB Version ကို INR29,999 (မြန်မာငွေ ၁၀ သိန်းဝန်းကျင်) ၊ RAM 12GB ၊ 512GB Version ကို INR33,999 (မြန်မာငွေ ၁၁သိန်းခွဲ ဝန်းကျင်) နဲ့ရောင်းချသွားမှာဖြစ်ပါတယ်။

Ref – GSM Arena