vivo ရဲ့ Sub-brand တစ်ခုဖြစ်တဲ့ iQOO ကနေ အခုအချိန်မှာ Mid Range Gaming ဖုန်းအသစ်ဖြစ်တဲ့ iQOO Neo7 စမတ်ဖုန်းကို တရားဝင်မိတ်ဆက်လိုက်ပြီဖြစ်ပါတယ်။ iQOO Neo7 ဖုန်းဟာ Specification ပိုင်းတွေမှာ MediaTek Dimensity 9000+ Chipset ကို အသုံးပြုထားပြီး 120Hz AMOLED Display ၊ 120W Fast Charging တွေကို ထောက်ပံ့ထားတဲ့အတွက် စွမ်းဆောင်ရည်မြင့်မားတဲ့ဖုန်းတစ်လုံးလို့ ပြောနိုင်ပါတယ်။

Display အနေနဲ့ကတော့ 6.78″ AMOLED Display ကို အသုံးပြုထားတာဖြစ်ပြီး Resolution အနေနဲ့ကတော့ Full HD+ ရှိမှာဖြစ်ပါတယ်။ Refresh Rate အနေနဲ့ 120Hz ကို ထောက်ပံ့ထားပြီး Touch Sampling Rate အနေနဲ့ကတော့ 360Hz အထိ ရရှိနိုင်မှာဖြစ်ပါတယ်။ Display Quality ပိုင်းမှာ HDR10+ ကို ထောက်ပံ့ထားနိုင်ပြီး DCI-P3 Color Gamut နဲ့ အမြင့်ဆုံး 1500nits Brightness အထိ အသုံးပြုနိုင်မယ်လို့ သိရပါတယ်။ Display ပိုင်းကို Dimensity 9000+ Chipset အစား သီးသန့် Pro+ Display Chip ကို အသုံးပြုထားတာဖြစ်ပါတယ်။

Camera ပိုင်းမှာတော့ 50MP Sony IMX766V Main Sensor ကို အသုံးပြုထားပြီး 8MP Ultrawide နဲ့ 2MP Macro Camera တွေပါဝင်မှာဖြစ်ပါတယ်။ Battery ပိုင်းမှာ 5000mAh Battery ပါဝင်မှာဖြစ်ပြီး 120W Fast Charging ကို ထောက်ပံ့ထားတဲ့အတွက် 0-50% ကို အားသွင်းဖို့အတွက် အချိန် ၉ မိနစ်ပဲ ကြာမြင့်မှာပါ။

Software ပိုင်းမှာတော့ Android 13 ကို အခြေခံထားတဲ့ OriginOS Ocean ကို အသုံးပြုထားတယ်လို့ သိရပါတယ်။ အရောင်တွေအနေနဲ့ကတော့ Black ၊ Blue နဲ့ Orange အရောင် ၃ မျိုး မိတ်ဆက်ထားသလို စျေးနှုန်းအနေနဲ့ အနိမ့်ဆုံး 8GB/128GB Version ကို တရုတ်ယွမ်ငွေ ၂,၆၉၉ ယွမ် (ဒေါ်လာ ၃၇၃ ဝန်းကျင်) နဲ့ စတင်ရောင်းချသွားမှာဖြစ်ပါတယ်။

Ref – GSM Arena