iQOO က 2020 Deutsche Tourenwagen Masters (DTM) Season အတွက် BMW M Motorsport နဲ့ ပူးပေါင်းလိုက်တယ်လို့ ကြေညာလိုက်ပါတယ်။ ဒီလ ၁၇ ရက်နေ့မှာ ရိုးရိုး မော်ဒယ်နဲ့အတူ iQOO 5 BMW Special Edition ကို ကြေညာမှာ ဖြစ်ပါတယ်။

ဒီလ ၁၇ ရက်နေ့မှာ ကြေညာမယ့် iQOO 5 ဟာ 120W Fast Charging ပါတဲ့ iQOO ရဲ့ ပထမဆုံး စမတ်ဖုန်း ဖြစ်လာမှာဖြစ်ပြီး 4,000mAh ဘက်ထရီကို ၁၅ မိနစ်အတွင်း ၀ ကနေ ၁၀၀ ရာခိုင်နှုန်း အားသွင်းပေးနိုင်ပါတယ်။

iQOO 5 ရဲ့ Specs အပြည့်အစုံကို ကုမ္ပဏီက မပြောသေးပေမယ့် အဲဒီ စမတ်ဖုန်းမှာ AMOLED မျက်နှာပြင်နဲ့ 100% DCI-P3 Color Gamut ပါမယ်လို့ အတည်ပြုထားပါတယ်။ 120Hz Refresh Rate ထောက်ပံ့ထားမှာ ဖြစ်ပြီး Snapdragon 865 SoC မောင်းနှင်ထားမှာ ဖြစ်ပါတယ်။ LPDDR5 RAM ဖြစ်တဲ့အတွက် ဖုန်းဟာ လျှင်မြန်သွက်လက်နေမှာပါ။

iQOO က မိတ်ဆက်ပွဲ မတိုင်ခင်မှာ အဲဒီ  စမတ်ဖုန်းရဲ့ သတင်းအချက်အလက်တွေကို ပိုမို ပြောကြားနိုင်ပါတယ်။

ref : gsmarena