အခုလအစောပိုင်းမှာ MediaTek ဟာ သူတို့ Dimensity 1000 ပရိုဆက်ဆာရဲ့ Upgraded ဗားရှင်းဖြစ်တဲ့ Dimensity 1000+ ကိုမိတ်ဆက်လာခဲ့ပြီး မကြာခင်ထွက်လာမယ့် iQOO Z1 ဖုန်းဟာ ဒီချစ်ပ်ဆက်သစ်ကို သယ်ဆောင်လာမယ့် ပထမဆုံးဖုန်းဖြစ်ပါတယ်။

ပြီးခဲ့တဲ့အပတ်တုန်းက iQOO ဟာ AnTuTu မှာ ရမှတ် ၅၃၀,၀၀၀ ထိရရှိခဲ့တာကို ပိုစ့်တင်ခဲ့ပြီး ယနေ့မှာတော့ Z1 ရဲ့ Geekbench ရလဒ် ထပ်မံထွက်ပေါ်လာခဲ့ပါတယ်။ Geekbench ရမှတ်တွေမှာ ကွဲပြားမှုတွေရှိပေမယ့် အမြင့်ဆုံးရလဒ်ကတော့ Single-core စမ်းသပ်ချက်မှာ 784 နဲ့ Multi-core မှာ 3085 တို့ပဲဖြစ်ပါတယ်။ ဒါ့အပြင် iQOO Z1 (Vivo V1986A) ဟန်းဆက်မှာ 8GB RAM ပါဝင်ပြီး Android 10 အသုံးပြုထားတာကိုလည်း မြင်ခဲ့ရပါတယ်။

တကယ်လို့ Dimensity 1000+ ရဲ့ရလဒ်ကို အခြားနာမည်ကြီးချစ်ပ်ဆက်တွေဖြစ်တဲ့ Kirin 990 5G/Snapdragon 865 တို့နဲ့ယှဉ်ကြည့်ချင်ရင်တော့ အောက်မှာ Mate 30 Pro 5G (Kirin 990) နဲ့ Motorola Edge+ (SD 865) တို့ရဲ့ Benchmark တွေနဲ့ နှိုင်းယှဉ်ကြည့်နိုင်ပါတယ်။

iQOO Z1 စမတ်ဖုန်းမှာ 144Hz Refresh Rate နဲ့ Display ပါဝင်ပြီး Punch-hole စတိုင်ဖြစ်ပါတယ်။ 4,500 mAh ဘက္ထရီကို 44W အားသွင်းစနစ်နဲ့ တွဲဖက်ထားတယ်။ မေလ ၁၉ ရက်နေ့မှာ မိတ်ဆက်လာမှာဖြစ်ပြီး ဈေးနှုန်းက အခြေခံမော်ဒယ် 6/128GB ဗားရှင်းအတွက် ယွမ် ၂၄၉၈ (မြန်မာငွေ လေးသိန်းကိုးသောင်းကျော်) သတ်မှတ်ထားပါတယ်။

Ref – GizmoChina