vivo က အိန္ဒိယမှာ Z7 Series စမတ်ဖုန်း အသစ် ၁ လုံးကို ကြေညာလိုက်ပါတယ်။ iQOO Z7 Pro လို့ အမည်ပေးထားပြီး မတ်လက ကြေညာခဲ့တဲ့ iQOO Z7 ထက်  ပိုကောင်းလာပါတယ်။

Z7 Pro မှာ 6.78” AMOLED မျက်နှာပြင်ကွေး တပ်ဆင်ထားပြီး FHD+ Resolution နဲ့ 120Hz Refresh Rate ထောက်ပံ့ထားပါတယ်။

မျက်နှာပြင်အောက်လက်ဗွေရာ ကိရိယာ တပ်ဆင်ထားပြီး 16MP အရှေ့ ကင်မရာကို Punch Hole Cutout မှာ ထည့်သွင်းထားပါတယ်။

iQOO Z7 Pro launched in India with Dimensity 7200 and 66W charging

MediaTek Dimensity 7200 Chipset မောင်းနှင်ထားပြီး 8GB RAM နဲ့ 128/256GB Storage ပါလာပါတယ်။ အနောက်ဘက်မှာ 64MP Main (OIS) နဲ့ 2MP Depth ကင်မရာ ၂ လုံး တပ်ဆင်ထားပါတယ်။

66W Fast Charging ထောက်ပံ့တဲ့ 4,600mAh Battery ထည့်သွင်းထားပြီး iQOO က ၂၂ မိနစ်နဲ့ ၁ ကနေ ၅၀ ရာခိုင်နှုန်း အားသွင်းပေးနိုင်တယ်လို့ ပြောပါတယ်။

iQOO Z7 Pro launched in India with Dimensity 7200 and 66W charging - GSMArena.com news

Android 13 အခြေပြု Funtouch OS 13 မောင်းနှင်ထားပြီး Android Update ၂ နှစ်နဲ့ Security Patches ၃ နှစ်ရမှာပါ။ IP52 ရေစိုခံစံနှုန်း ထည့်သွင်းထားပါတယ်။

iQOO Z7 Pro အတွက် Blue Lagoon နဲ့ Graphite Matte အရောင်တွေ ထုတ်လုပ်ထားပါတယ်။ 8/128GB ကို ၂၉၀ ဒေါ်လာနဲ့ 8/256GB ကို ၃၀၂ ဒေါ်လာ သတ်မှတ်ထားပါတယ်။ အိန္ဒိယမှာ စက်တင်ဘာလ ၅ ရက်နေ့ iQOO India နဲ့ Amazon ကနေ ရောင်းချမှာ ဖြစ်ပါတယ်။

ref : gsmarena