vivo က အိန္ဒိယမှာ Z7 Series စမတ်ဖုန်း အသစ် ၁ လုံးကို ကြေညာလိုက်ပါတယ်။ iQOO Z7 Pro လို့ အမည်ပေးထားပြီး မတ်လက ကြေညာခဲ့တဲ့ iQOO Z7 ထက် ပိုကောင်းလာပါတယ်။
Z7 Pro မှာ 6.78” AMOLED မျက်နှာပြင်ကွေး တပ်ဆင်ထားပြီး FHD+ Resolution နဲ့ 120Hz Refresh Rate ထောက်ပံ့ထားပါတယ်။
မျက်နှာပြင်အောက်လက်ဗွေရာ ကိရိယာ တပ်ဆင်ထားပြီး 16MP အရှေ့ ကင်မရာကို Punch Hole Cutout မှာ ထည့်သွင်းထားပါတယ်။
MediaTek Dimensity 7200 Chipset မောင်းနှင်ထားပြီး 8GB RAM နဲ့ 128/256GB Storage ပါလာပါတယ်။ အနောက်ဘက်မှာ 64MP Main (OIS) နဲ့ 2MP Depth ကင်မရာ ၂ လုံး တပ်ဆင်ထားပါတယ်။
66W Fast Charging ထောက်ပံ့တဲ့ 4,600mAh Battery ထည့်သွင်းထားပြီး iQOO က ၂၂ မိနစ်နဲ့ ၁ ကနေ ၅၀ ရာခိုင်နှုန်း အားသွင်းပေးနိုင်တယ်လို့ ပြောပါတယ်။
Android 13 အခြေပြု Funtouch OS 13 မောင်းနှင်ထားပြီး Android Update ၂ နှစ်နဲ့ Security Patches ၃ နှစ်ရမှာပါ။ IP52 ရေစိုခံစံနှုန်း ထည့်သွင်းထားပါတယ်။
iQOO Z7 Pro အတွက် Blue Lagoon နဲ့ Graphite Matte အရောင်တွေ ထုတ်လုပ်ထားပါတယ်။ 8/128GB ကို ၂၉၀ ဒေါ်လာနဲ့ 8/256GB ကို ၃၀၂ ဒေါ်လာ သတ်မှတ်ထားပါတယ်။ အိန္ဒိယမှာ စက်တင်ဘာလ ၅ ရက်နေ့ iQOO India နဲ့ Amazon ကနေ ရောင်းချမှာ ဖြစ်ပါတယ်။
ref : gsmarena