iQOO Z9 Series ကို ကြေညာလိုက်ပြီး Snapdragon 8s Gen 3 ၊ 6,000mAh Battery နဲ့ 80W Fast Charging ပါတဲ့ Z9 Turbo က စွမ်းရည် အမြင့်ဆုံး ဖြစ်ပါတယ်။

iQOO Z9 Turbo/iQOO Z9

iQOO Z9 Turbo မှာ 6.78” AMOLED Display တပ်ဆင်ထားပြီး FHD+ Resolution နဲ့ 144Hz Refresh Rate ထောက်ပံ့ထားပါတယ်။ Display အောက်မှာ လက်ဗွေရာ ကိရိယာ မြှုပ်နှံထားပြီး 16MP အရှေ့ ကင်မရာ ပါပါတယ်။ အနောက်ဘက်မှာ 50MP Main , 8MP Ultrawide ကင်မရာ တပ်ဆင်ထားပါတယ်။

iQOO Z9 series debuts: Z9 Turbo leads the pack with SD 8s Gen 3 and 6,000 mAh battery

Z9 Turbo မှာ Snapdragon 8s Gen 3 Chipset မောင်းနှင်ထားပြီး ဂိမ်းကစားချိန်မှာ ချောမွတ်စေတဲ့ Display Chip တပ်ဆင်ထားပါတယ်။ အပူချိန်ကို လျှော့ချပေးတဲ့ ကြီးမားတဲ့ Vapor Chamber ၊ ပိုမြန်တဲ့ UFS 4.0 Storage နဲ့ LPDDR5X RAM ထည့်သွင်းထားပါတယ်။ Android 14 အခြေပြု OriginOS 4 မောင်းနှင်ထားပြီး IP64 စံနှုန်း ပါပါတယ်။

iQOO Z9 Turbo ရဲ့ 12/256GB Version ကို ၂၇၅ ဒေါ်လာ သတ်မှတ်ထားပြီး Black, White နဲ့ Green အရောင်တွေ ထုတ်လုပ်ထားပါတယ်။ တရုတ်မှာ ဧပြီလ ၂၉ ရက်နေ့မှာစတင် ရောင်းချခဲ့တာ ဖြစ်ပါတယ်။

ref : gsmarena