Paignton မှာ ပြီးခဲ့တဲ့ ရက်ပိုင်းက ပြုလုပ်ခဲ့တဲ့ Torbay Airshow မှာ UFO စိတ်ဝင်စားသူ John Mooner က လေယာဉ်တွေ အုပ်စုဖွဲ့ ပျံသန်းနေတဲ့ အထက်ကောင်းကင်ယံမှာ UFO လို့ ထင်ရတဲ့ အရာကို ဓါတ်ပုံရိုက်ကူးနိုင်ခဲ့ပါတယ်။ အဲဒီ ယာဉ်ပျံဟာ ၁ နာရီကို မိုင် ၁,၀၀၀ အမြန်နှုန်းနဲ့ ပျံသန်းနေတာလို့ တွက်ချက်ထားပါတယ်။

The UFO was estimated by spectators to be flying as fast as 1000mph

Newton Abbott မှာ နေထိုင်တဲ့ Mooner ဟာ လေယာဉ်တွေ အနားမှာ ထူးခြားတဲ့ အရာတွေကို တွေ့ရမလားဆိုပြီး လေကြောင်းပြပွဲကို သွားခဲ့တာလို့ ပြောပါတယ်။ Mooner ကတော့ UFO ကို ဓါတ်ပုံ ၄ ပုံတောင် ရိုက်ကူးနိုင်ခဲ့ပါတယ်။ သူက အဲဒါဟာ လူသားတွေ မောင်းနှင်တဲ့ ယာဉ်ပျံ မဟုတ်ဘူးလို့ ပြောပါတယ်။

Another spectator, Emma Smith, said that she spotted the UFO on her photos taken near Paignton Pier

နောက်ထပ် ပွဲလာကြည့်သူ Emma Smith ကလည်း UFO ကို တွေ့ရှိပြီး ဓါတ်ပုံ ရိုက်နိုင်ခဲ့တယ်လို့ ပြောပါတယ်။ သူမက “ စနေနေ့ ညနေ ၅ နာရီ ၄၅ မိနစ်လောက် Paignton Pier အနားမှာ လေယာဉ်တွေ ပျံသန်းနေတာကို ဓါတ်ပုံရိုက်နေချိန်မှာ အနက်ရောင် ယာဉ်ပျံ ၁ စီးကို တွေ့ခဲ့ရပါတယ်။ Zoom ဆွဲကြည့်တဲ့အခါမှာ ကိုယ့်မျက်လုံးကိုတောင် ကိုယ် မယုံနိုင်အောင် ဖြစ်ခဲ့ရပါတယ်။ ပန်းကန်ပြားပျံ ပုံသဏ္ဍာန် ဖြစ်ပါတယ်။ iPhone နဲ့ ဓါတ်ပုံ ရိုက်ခဲ့တာဖြစ်ပေမယ့် Zoom စွမ်းရည်က အတော်အသင့် ကောင်းပါတယ်။ “ လို့ ပြောပါတယ်။

UFO လို့ ခေါ်တဲ့ အမျိုးအမည် မသိတဲ့ ယာဉ်ပျံတွေကို ကမ္ဘာမှာ ရံဖန်ရံခါ တွေ့နေရပြီး အခုလည်း နောက်တစ်ခါ တွေ့ရှိလာရတာ ဖြစ်ပါတယ်။

Ref: dailymail