Huawei က တရုတ်မှာ ကမ္ဘာ့ ပထမဆုံး ၃ ခေါက်ချိုးဖုန်း ဖြစ်တဲ့ Mate XT Ultimate ကို ရောင်းချပေးလိုက်ပြီး တခြားနိုင်ငံတွေမှာ ရောင်းချမလားဆိုတာ လူတွေက စိတ်ဝင်စားနေကြပါတယ်။ အခုတော့ သတင်းကောင်းထွက်လာပြီး အဲဒီဖုန်းကို နိုင်ငံတကာမှာ ၂၀၂၅ ခုနှစ် ကွာတား ၁ မှာ ရောင်းချမယ်ဆိုတာ အတည်ပြုနိုင်ပါပြီ။

Huawei Mate XT Ultimate is the first dual-fold smartphone in the world

Huawei Mate XT ကို တရုတ်မှာ ၁၉,၉၉၉ ယွမ် (၂,၈၀၀ ဒေါ်လာ) သတ်မှတ်ထားပြီး စမတ်ဖုန်းလောကမှာ ဈေးအကြီးဆုံး ဖြစ်ပါတယ်။ နိုင်ငံတကာမှာ ရောင်းချရင်တော့ ဈေးနှုန်း ကွာခြားနိုင်ပါတယ်။ နိုင်ငံတကာမှာ ဒေါ်လာ ၃,၀၀၀ ကျော်နဲ့ ရောင်းချနိုင်ပါတယ်။

Huawei Mate XT Ultimate is the first dual-fold smartphone in the world

Huawei Mate XT အကြောင်းကို ပြန်ပြောရရင် ဖုန်းကို ခေါက်ထားရင် 6.4” FHD+ ဖုန်းကို သုံးနိုင်ပါတယ်။ တစ်ဝက်ဖြန့်လိုက်ရင် 7.8” 2K Display ကို သုံးနိုင်မှာ ဖြစ်ပြီး အပြည့်ဖြန့်လိုက်ရင် တက်ဘလက် အရွယ်အစား ရှိတဲ့ 10.2” 3K Display ကို သုံးနိုင်မှာ ဖြစ်ပါတယ်။ဖြန့်ထားရင် ဖုန်း အထူက ၃.၆ မီလီမီတာနဲ့ ခေါက်ထားရင် ၁၂.၈ မီလီမီတာ ရှိပါတယ်။ Samsung Galaxy Z Fold6 ရဲ့ ၁၂.၁ မီလီမီတာထက် အနည်းငယ် ပိုထူပါတယ်။

Huawei က Processor ကို မပြောပေမယ့် Pura 70 Series မှာ ပါတဲ့ Kirin 9000 Chip ဖြစ်နိုင်ပါတယ်။ ကင်မရာတွေကလည်း တော်တော် ကောင်းပါတယ်။ 50MP Main , 12MP Ultrawide , 12MP Periscope Telephoto ကို အနောက်ဘက်နဲ့ 8MP ကင်မရာကို အရှေ့ဘက်မှာ တပ်ဆင်ထားပါတယ်။

Huawei က ကမ္ဘာ့ အပါးလွှာဆုံးလို့ ပြောတဲ့ 5,600mAh Silicon Carbon Battery ထည့်သွင်းထားပြီး 66W Wired Charging နဲ့ 50W Wireless Charging ထောက်ပံ့ထားပါတယ်။

Huawei က Mate XT အတွက် Foldable Touch Keyboard ကို ဖန်တီးပေးထားပြီး ဒတ်စတော့လို သုံးချင်သူတွေအတွက် မိုက်ပါတယ်။

Huawei Mate XT Ultimate Design အတွက် Black နဲ့ Red အရောင် ထုတ်လုပ်ပေးထားပြီး 16/256GB ကို ၁၉,၉၉၉ ယွမ် ( ဒေါ်လာ ၂,၈၀၀ ဝန်းကျင်) သတ်မှတ်ထားပါတယ်။ ပိုမြင့်တဲ့ 16/512GB ကို ၂၁,၉၉၉ ယွမ် ( ဒေါ်လာ ၃,၀၀၀ ဝန်းကျင်) နဲ့ 16GB/1TB ကို ၂၃,၉၉၉ ယွမ် ( ဒေါ်လာ ၃,၃၀၀ ဝန်းကျင်) သတ်မှတ်ထားပါတယ်။

Ref : gsmarena