ဂျပန်က ကုန်ပစ္စည်းတွေကို ကုန်တင်ကားနဲ့ သယ်ယူပို့ဆောင်တဲ့ စနစ်မှာ တွေ့ကြုံနေရတဲ့ အခက်အခဲကို ဖြေရှင်းဖို့အတွက် တိုကျိုနဲ့ အိုဆာကာ အကြားမှာ ၅၀၀ ကီလိုမီတာ အရှည်ရှိတဲ့ ကုန်ပစ္စည်းတွေကို ရွေ့လျားသယ်ဆောင်ပေးနိုင်တဲ့ နည်းပညာမြင့် လမ်းကို တည်ဆောက်မယ်လို့ ကြေညာလိုက်ပါတယ်။ လေဆိပ်မှာ ခရီးဆောင်အိတ်တွေကို ရွေ့လျားသယ်ဆောင်ပေးတဲ့ စနစ်နဲ့ ဆင်တူပါတယ်။

Japan's Bold Move: Automated Zero-Emissions Logistics to Revolutionize Cargo  Transport

အဲဒီ လမ်းကို Autoflow-Road လို့ အမည်ပေးထားပြီး ဂျပန်ရဲ့ အကြီးမားဆုံး မြို့ ၂ မြို့ကို ဆက်သွယ်ထားတဲ့ အဓိက အဝေးပြေးလမ်းတွေရဲ့ အောက်မှ လှိုဏ်ခေါင်းတွေကို အသုံးပြုမှာ ဖြစ်ပါတယ်။ ဒါ့အပြင် လမ်းမတွေရဲ့ အလယ်မှ မြေပေါ်လမ်းတွေကိုလည်း အသုံးပြုမှာပါ။ အဲဒီ စီမံကိန်းကို ဂျပန်ရဲ့ ကုန်းလမ်း၊ အခြေခံအဆောက်အဦး၊ သယ်ယူပို့ဆောင်ရေးနဲ့ ခရီးသွားလုပ်ငန်း ဝန်ကြီးဌာနက လုပ်ဆောင်မှာ ဖြစ်ပါတယ်။

ဂျပန်မှာ ကုန်တင်ကားမောင်းသူတွေဟာ အသက်ကြီးမြင့်လာပြီး အလုပ်မလုပ်နိုင်တော့တဲ့ ပြဿနာကို ဖြေရှင်းဖို့အတွက် Autoflow-Road စီမံကိန်းကို ပြုလုပ်မှာ ဖြစ်ပါတယ်။

Nomura Research Institute ရဲ့ဒီလ အစောပိုင်းက စစ်တမ်းအရ ၂၀၃၀ ခုနှစ်မှာ ကုန်ပစ္စည်း ၁.၄ ဘီလီယမ် တန်ကို ကားလမ်းကနေ သယ်ယူပို့ဆောင်မှာ ဖြစ်ပြီး ၂၀၂၀ ခုနှစ်မှ ၁.၄၃ ဘီလီယမ် တန်ထက် နည်းပါးသွားမှာ ဖြစ်ပါတယ်။

ဂျပန်ရဲ့ ကုန်တင်ကား မောင်းသူ အရေအတွက်ဟာ ဒီထက် နည်းပါးသွားမှာပါ။ ၂၀၂၀ ခုနှစ်မှာ ကားမောင်းသူ ၆၆၀,၀၀၀ ရှိရာကနေ ၂၀၃၀ ခုနှစ်မှာ ၄၈၀,၀၀၀ ပဲ ရှိတော့မှာပါ။ အဲဒီအတွက် ဂျပန်ဟာ နည်းပညာမြင့် Autoflow-Road လမ်းတွေကို တည်ဆောက်ဖို့ စီစဉ်လိုက်တာပါ။

Ref : south china morning post