ဂျပန်ဆောက်လုပ်ရေးကုမ္ပဏီ Shimizu Corporation က လကမ္ဘာရဲ့ အီကွေတာတစ်လျှောက်မှာ ကီလိုမီတာ ၁၁,၀၀၀ (မိုင်ပေါင်း ၆,၈၃၅) ရှည်လျားတဲ့ နေရောင်ခြည်စွမ်းအင်သုံး “Luna Ring” ဆိုလာခါးပတ်ပတ်မယ့် အယူအဆတစ်ခုကို အဆိုပြုလိုက်ပါတယ်။

Japan is planning to build a solar ring around the Moon that will power  Earth forever.

ဒီစီမံကိန်းမှာ လျှပ်စစ်ဓာတ်အားထုတ်လုပ်ဖို့ ဆိုလာပြားတွေ တပ်ဆင်မှာဖြစ်ပြီး ထွက်ရှိလာတဲ့ လျှပ်စစ်တွေကို မိုက်ခရိုဝေ့ဖ်နဲ့ လေဆာနည်းပညာတွေ အသုံးပြုကာ ကမ္ဘာမြေဆီ ပို့လွှတ်ပေးမှာ ဖြစ်ပါတယ်။

ဒီစနစ်ကိုသာ အပြည့်အဝ အကောင်အထည်ဖော်နိုင်မယ်ဆိုရင် စွမ်းအင် ၁၃,၀၀၀ တာရာဝပ်အထိ ထုတ်လုပ်ပေးနိုင်မယ်လို့ Shimizu ကုမ္ပဏီက ပြောပါတယ်။

Japanese Company Proposes Solar Power Project for the Moon - 21st Century  Tech Blog

တည်ဆောက်ရေးလုပ်ငန်းတွေမှာ အလိုအလျောက်မောင်းနှင်တဲ့ စက်ယန္တရားတွေနဲ့ ဉာဏ်ရည်တု (AI) နည်းပညာတွေကို အဓိကအားထား သုံးစွဲသွားမယ်လို့ ကုမ္ပဏီက ဆိုပါတယ်။

ရှေ့ပြေးစမ်းသပ်မှုတွေ လုပ်ဆောင်ပြီးရင် ၂၀၃၅ ခုနှစ် ဝန်းကျင်လောက်မှာ ဒီစီမံကိန်းကို စတင်တည်ဆောက်နိုင်မယ်လို့ Shimizu က ခန့်မှန်းထားပါတယ်။

ref : fossbytes