Tokyo University of Science ရဲ့ အင်ဂျင်နီယာတွေက လူ့ခန္ဓာကိုယ်က ထွက်တဲ့ ချွေးကနေတစ်ဆင့် လျှပ်စစ်စွမ်းအင် တိုက်ရိုက်ထုတ်ယူနိုင်တဲ့ အလွန်ပါးလွှာတဲ့ ဝတ်ဆင်နိုင်တဲ့ ကိရိယာ (wearable patch) တစ်ခုကို တီထွင်လိုက်ပါတယ်။ ဖေဖော်ဝါရီလ ၆ ရက်၊ ၂၀၂၆ ခုနှစ်မှာ ထုတ်ပြန်ခဲ့တဲ့ ဒီသုတေသနကို တွဲဖက်ပါမောက္ခ Isao Shitanda က ဦးဆောင်ခဲ့တာဖြစ်ပြီး လူတွေ လှုပ်ရှားလို့ ချွေးထွက်များလေလေ စွမ်းအင်ပိုထွက်လေလေ ဖြစ်တာကြောင့် အားကစားလုပ်ချိန် ကျန်းမာရေးစောင့်ကြည့်တဲ့ နေရာတွေမှာ ဘက်ထရီအစားထိုး အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။

What if Your Sweat Could Power Your Wearable Devices? Japanese Scientists  Made It Possible - Green Matters

ဒီကိရိယာဟာ ချွေးထဲမှာပါတဲ့ lactate လိုမျိုး ဓာတုဒြပ်ပေါင်းတွေကို အင်ဇိုင်း ဇီဝလောင်စာဆဲလ် (EBFC) နည်းပညာနဲ့ လျှပ်စစ်စွမ်းအင်အဖြစ် ပြောင်းလဲပေးတာ ဖြစ်ပါတယ်။ အဓိက အောင်မြင်မှုကတော့ အင်ဂျင်နီယာတွေဟာ ရေအခြေခံ အင်ဇိုင်းမင်ရည် (enzyme ink) ကို အထူးဖန်တီးနိုင်ခဲ့တာဖြစ်ပြီး အဲဒီမင်ရည်ကြောင့် အရင်လို အဆင့်ဆင့် လုပ်စရာမလိုဘဲ ဇီဝလောင်စာဆဲလ် တစ်ခုလုံးကို တစ်ကြိမ်တည်းနဲ့ ပုံနှိပ်ထုတ်လုပ်နိုင်တာကြောင့် ထုတ်လုပ်ရေးပိုင်းမှာ ပိုမြန်ဆန်လွယ်ကူသွားစေပါတယ်။

How Japanese engineers built a wearable device that powers health sensors  using human sweat: Can your body run a health monitor without a battery?  Japan has done it—now your sweat can generate

ဓာတ်ခွဲခန်း စမ်းသပ်မှုတွေအရ အဲဒီကိရိယာဟာ သမားရိုးကျ ဘက်ထရီတွေလောက် စွမ်းအားမကြီးပေမယ့် Bluetooth ကနေတစ်ဆင့် အချက်အလက်တွေ လှမ်းပို့နိုင်တဲ့ သွေးခုန်နှုန်းတိုင်းတာတဲ့ ဆင်ဆာအသေးစားလေးတွေအတွက်တော့ လုံလောက်တဲ့ လျှပ်စစ်စွမ်းအားကို ထုတ်ပေးနိုင်ပါတယ်။ ဒါကြောင့် အားကစားသမားတွေရဲ့ ကျန်းမာရေးကို အချိန်နဲ့တစ်ပြေးညီ စောင့်ကြည့်တာတွေ၊ ဆေးရုံတွေမှာ လူနာတွေကို အဝေးကနေ စောင့်ကြည့်တာတွေနဲ့ သုံးပြီးလွှင့်ပစ်နိုင်တဲ့ ဆေးဘက်ဆိုင်ရာ ကိရိယာတွေမှာ ဘက်ထရီ လုံးဝမလိုဘဲ အသုံးပြုလာနိုင်မှာ ဖြစ်ပါတယ်။

ဒီနည်းပညာဟာ အလားအလာ အရမ်းကောင်းနေပေမယ့် စီးပွားဖြစ် တွင်တွင်ကျယ်ကျယ် ထုတ်လုပ်နိုင်ဖို့အတွက်တော့ အင်ဇိုင်းတွေရဲ့ စွမ်းဆောင်ရည်ကို ရေရှည်ထိန်းသိမ်းနိုင်ဖို့ ထပ်ပြီး သုတေသနလုပ်ဖို့ လိုအပ်နေပါသေးတယ်။ လတ်တလော စမ်းသပ်ချက်တွေအရ အဲဒီကိရိယာတွေကို ၅ ဒီဂရီ စင်တီဂရိတ် အပူချိန်မှာ လေဟာနယ်ထဲ သိမ်းဆည်းတာက အင်ဇိုင်းတွေရဲ့ သက်တမ်းကို ပိုရှည်စေတယ်လို့ တွေ့ရှိထားပြီး ရှေ့ဆက်ပြီးတော့လည်း ကိုယ်ပိုင်စွမ်းအင်နဲ့ အလိုအလျောက် အလုပ်လုပ်နိုင်မယ့် စောင့်ကြည့်ရေးကိရိယာတွေ ထွက်ပေါ်လာဖို့ သိပ္ပံပညာရှင်တွေက ကြိုးပမ်းနေကြပါတယ်။

Ref : electricaltechnology