JBL ဟာ Audio စျေးကွက်မှာ နာမည်ရရှိပြီးဖြစ်တဲ့ ကုမ္ပဏီတစ်ခုဖြစ်ပါတယ်။ အခုလည်း JBL ကနေ ထူးခြားတဲ့ Wireless Earbuds တစ်ခုကို တရားဝင်မိတ်ဆက်လိုက်ပါတယ်။

JBL ကနေ မိတ်ဆက်လိုက်တဲ့ Earbuds ကိုတော့ JBL Tour Pro 2 လို့ နာမည်ပေးထားပြီးတော့ ထူးခြားချက်အနေနဲ့ကတော့ Wireless Charging Case မှာ LED Screen ကို ထည့်သွင်းပေးထားတာဖြစ်ပါတယ်။ ဒါက သာမန် LED Screen တင်မဟုတ်ဘဲ Earbuds ကို ထိန်းချုပ်ဖို့အတွက် Control Panel အနေနဲ့ပါ အသုံးပြုနိုင်မှာပါ။

JBL Tour Pro 2 မှာပါဝင်တဲ့ LED Screen ကို အသုံးပြုပြီး အသုံးပြုသူတွေအနေနဲ့ သီချင်းကို Control ပြုလုပ်တာ၊ ဖုန်းလက်ခံတာ၊ Messages နဲ့ Notification Feature တွေအပြင် Active Nosie Cancellation Feature ကိုပါ ထိန်းချုပ်နိုင်မှာဖြစ်ပါတယ်။ Display Size အနေနဲ့ကတော့ 1.45″ ရှိမှာဖြစ်ပြီး Smartwatch တစ်လုံးကို အသုံးပြုနေရသလို ခံစားရစေမှာပါ။

Earbuds Feature အနေနဲ့ကတော့ Adaptive Noise Cancellation ၊ Bluetooth 5.3 LE ၊ 10mm Driver နဲ့ နာရီ ၄၀ ဆက်တိုက်နားဆင်နိုင်တဲ့ Battery တွေပါဝင်မှာဖြစ်ပါတယ်။ ဘာပဲဖြစ်ဖြစ် အခုလိုမျိုး Wireless Earbuds မှာ LED Screen ထည့်ပေးလိုက်တာက သီချင်းနားထောင်တဲ့အချိန်မှာ ဖုန်းမလိုအပ်ဘဲ ထိန်းချုပ်နိုင်တာကတော့ အားသာချက်လို့ ပြောရမှာပါ။

စျေးနှုန်းအနေနဲ့ကတော့ JBL Tour Pro 2 Earbuds ဟာ $249 ဝန်းကျင်နဲ့ရောင်းချသွားမှာဖြစ်ပြီး လောလောဆယ်မှာ Europe စျေးကွက်အတွက်ပဲ ရောင်းချသွားဦးမယ်လို့ သိရပါတယ်။

Ref – Gizmo China