Jeff Bezos ရဲ့ အာကာသကုမ္ပဏီ Blue Origin ဟာ Elon Musk ရဲ့ Starlink ကို ယှဉ်ပြိုင်မယ့် “TeraWave” လို့ခေါ်တဲ့ ကိုယ်ပိုင် ဂြိုဟ်တုအင်တာနက်ကို ဗုဒ္ဓဟူးနေ့က ကြေညာလိုက်ပါတယ်။ လက်ရှိ ဂြိုဟ်တုအင်တာနက်လောကမှာတော့ Elon Musk ရဲ့ Starlink က အဓိက လွှမ်းမိုးထားတာ ဖြစ်ပါတယ်။

Starlink နဲ့ နှိုင်းယှဉ်ကြည့်မယ်ဆိုရင် TeraWave ကွန်ရက်ဟာ အသုံးပြုသူ သောင်းဂဏန်းလောက်ကိုပဲ ဝန်ဆောင်မှုပေးနိုင်မှာဖြစ်ပြီး Starlink ကတော့ ၂၀၂၅ ခုနှစ် ဒီဇင်ဘာလစာရင်းအရ အသုံးပြုသူ ၉ သန်းအထိ ရှိနေပြီ ဖြစ်ပါတယ်။ ဒါ့အပြင် လွန်ခဲ့တဲ့လအထိ ဂြိုဟ်တုအလုံးရေ ၉,၃၀၀ လောက် လွှတ်တင်ထားတဲ့ Starlink နဲ့ယှဉ်ရင် TeraWave မှာ ပါဝင်မယ့် ဂြိုဟ်တုအရေအတွက်က အများကြီး လျော့နည်းနိုင်ပါတယ်။

ဒီကြေညာချက်ဟာ Amazon က သူတို့ရဲ့ ဂြိုဟ်တုစီမံကိန်း Project Kuiper ကို Amazon Leo လို့ နာမည်ပြောင်းလဲပြီး မကြာခင်မှာပဲ ထွက်ပေါ်လာတာပါ။ Amazon Leo အနေနဲ့ လာမယ့်လမှာ ဂြိုဟ်တု ၃၂ လုံးကို လွှတ်တင်သွားမှာဖြစ်ပြီး ပြီးခဲ့တဲ့ ဧပြီလက လွှတ်တင်ခဲ့တဲ့ ၂၇ လုံးနဲ့ ပေါင်းစပ်သွားမှာ ဖြစ်ပါတယ်။ Leo စီမံကိန်းမှာတော့ ဂြိုဟ်တုအလုံးရေ ၃,၀၀၀ ကျော် ပါဝင်မှာပါ။
ဂြိုဟ်တုစက်မှုလုပ်ငန်း လေ့လာသုံးသပ်သူ Tim Farrar ကတော့ Amazon Leo နဲ့ Blue Origin ရဲ့ TeraWave နှစ်ခုစလုံးဟာ ပစ်မှတ်ထားတဲ့ ဖောက်သည်တွေ တူညီနေပြီး ထပ်နေတာမျိုး ရှိတယ်လို့ PCMag ကို ပြောကြားခဲ့ပါတယ်။
Ref : Forbes