၂၀၂၄ ခုနှစ် ဇွန်လ ၁၂ ရက်နေ့မှာ Amazon တည်ထောင်သူ Jeff Bezos ဟာ ကမ္ဘာ့အချမ်းသာဆုံး စာရင်းမှာ နံပါတ် ၁ နေရာကို ပြန်လည်သိမ်းပိုက်လိုက်တယ်လို့ Bloomberg Billionaires Index မှာ ဖော်ပြထားပါတယ်။ သူဟာ လက်ရှိမှာ ဒေါ်လာ ၂၁၀ ဘီလီယမ် ပိုင်ဆိုင်ပြီး ဇန်နဝါရီလက ဒေါ်လာ ၁၇၈ ဘီလီယမ်ထက် အများကြီး တိုးတက်လာပါတယ်။ ဒီနှစ် အစပိုင်းကတည်းက Amazon ရဲ့စတော့တန်ဖိုးဟာ ၂၅ ရာခိုင်နှုန်း မြင့်တက်ခဲ့တဲ့အတွက် သူ့ရဲ့ ပိုင်ဆိုင်မှုဟာ ဒေါ်လာ ၃၂.၆ ဘီလီယမ် တိုးတက်လာပါတယ်။

Bernard Arnault

ကမ္ဘာ့အချမ်းသာဆုံး  စာရင်းမှာ နံပါတ် ၂ နေရာကို ရထားတာက LVMH CEO Bernard Arnault ဖြစ်ပြီး ဒေါ်လာ ၂၀၅ ဘီလီယမ် ချမ်းသာပါတယ်။ သူတို့ ၂ ယောက်ရဲ့ ချမ်းသာမှုဟာ သိပ်မကွာခြားပေမယ့် လုပ်ငန်းချင်း မတူပါဘူး။ Bezos ရဲ့ ချမ်းသာမှုဟာ Amazon ရဲ့ အောင်မြင်မှု အပေါ် မူတည်ပြီး Arnault ကတော့ ကမ္ဘာ့ အကြီးဆုံး Luxury ထုတ်ကုန်တွေကို ရောင်းချနေတဲ့ LVMH ကုမ္ပဏီကို ပိုင်ဆိုင်ထားပါတယ်။

Tesla shareholders to vote whether Elon Musk deserves billions judge struck  down | CNN Business

Tesla တည်ထောင်သူ Elon Musk က ဒေါ်လာ ၁၉၈ ဘီလီယမ်နဲ့ နံပါတ် ၃ နေရာကို ရထားပါတယ်။ သူ့ရဲ့ ချမ်းသာမှုဟာ Tesla စတော့ တန်ဖိုးတွေအပေါ် မူတည်ပါတယ်။ Meta CEO Mark Zuckerberg က ဒေါ်လာ ၁၈၀ ဘီလီယမ် ချမ်းသာပြီး နံပါတ် ၄ နေရာကို ရထားပါတယ်။ Google ရဲ့ ပူးတွဲ တည်ထောင်သူ Larry Page က နံပါတ် ၅ နေရာမှာ ဒေါ်လာ ၁၅၇ ဘီလီယမ်နဲ့ ရပ်တည်နေပါတယ်။

ဒီနှစ်မှာ ချမ်းသာမှု အတိုးတက်ဆုံးက Nvidia CEO Jensen Huang ဖြစ်ပြီး ဒေါ်လာ ၁၀၆ ဘီလီယမ်နဲ့ နံပါတ် ၁၄ နေရာကို ခုန်တက်လာပါတယ်။ သူ့ရဲ့ ချမ်းသာမှုဟာ Nvidia စတော့ တန်ဖိုး ထိုးတက်မှုကြောင့် ၁၈ လအတွင်း ဒေါ်လာ ၉၃ ဘီလီယမ် တိုးတက်လာပါတယ်။

Ref : gizchina