Google က ဒီနှစ်နှောင်းပိုင်းမှာ ထွက်မယ့် Pixel 10 Series စမတ်ဖုန်းတွေမှာ AI Smart Assistant အသစ် ဖြစ်တဲ့ Pixel Sense ကို ထည့်သွင်းပေးတော့မှာ ဖြစ်ပါတယ်။ Gemini Nano က မောင်းနှင်ထားတဲ့ Pixel Sense ဟာ သမားရိုးကျ Voice Assistant ထက် ပို စမတ်ကျပါတယ်။
Pixel Sense ဟာ Phone, Messages, Photos, Maps, Gmail, Docs , Chrome , YouTube နဲ့ Keep Notes လို Google Apps တွေမှာ အလုပ်လုပ်မှာ ဖြစ်ပြီး User တွေရဲ့ အလုပ်လုပ်ပုံကို လေ့လာကာ အလုပ်တွေ အလိုအလျှောက် ပြုလုပ်ပေးနိုင်ပါတယ်။
Multimodal စွမ်းရည် ပါလာမှာ ဖြစ်ပြီး အသံ၊ စာသား၊ ဓါတ်ပုံတွေနဲ့ အလုပ်လုပ်နိုင်ပါတယ်။ On-device Data Processing ပါလာတဲ့အတွက် Feature တော်တော်များများဟာ Offline အလုပ်လုပ်မှာ ဖြစ်ပါတယ်။ အဲဒီအတွက် Privacy နဲ့ အမြန်နှုန်း တိုးတက်စေမှာ ဖြစ်ပါတယ်။
ထွက်လာတဲ့ သတင်းတွေသာ မှန်ကန်မယ်ဆိုရင် Pixel Sense ဟာ AI Assistant လောကကို ထူးခြားဆန်းသစ်သွားစေမှာ ဖြစ်ပါတယ်။ Pixel 10 User တွေဟာ အဆင့်မြင့် AI Assistant ကို အခမဲ့ အသုံးပြုခွင့်ရမှာ ဖြစ်ပါတယ်။
Ref: Tech Explorers