မြေပြင် ကနေ ဝေဟင် ၊ ဝေဟင် ကနေ မြေပြင်ကို ဒေါင်လိုက် အတက်၊ အဆင်းလုပ်နိုင်တဲ့ eVTOL တွေ ဖန်တီးနေတဲ့ Joby Aviation က ဒူဘိုင်းမှာ လျှပ်စစ် တက္ကစီ လေယာဉ်တွေ ပြေးဆွဲဖို့ အစိုးရနဲ့ သဘောတူညီမှု ရထားပြီလို့ ကြေညာလိုက်ပါတယ်။ ဒူဘိုင်းမှာ ၆ နှစ်ကြာ လျှပ်စစ် တက္ကစီ လေယာဉ်တွေ ပြေးဆွဲမှာ ဖြစ်ပါတယ်။

Joby Aviation S4 2.0 (pre-production prototype)

eVTOL ပြိုင်ပွဲဟာ ပြိုင်ဆိုင်မှု ပိုမို ပြင်းထန်လာနေပါပြီ။ အဲဒီ နယ်ပယ်က ကုမ္ပဏီတွေဟာ ကမ္ဘာအဝန်းမှာ စီးပွားဖြစ် ဝန်ဆောင်မှုတွေ ပြုလုပ်ဖို့ ကြိုးစားနေကြပါတယ်။ ဘယ်ကုမ္ပဏီက လျှပ်စစ် တက္ကစီ လေယာဉ်တွေ အရင်ဆုံး ပြေးဆွဲနိုင်မလဲဆိုတာ စောင့်ကြည့်ရမှာပါ။

အဲဒီအထဲမှာ Joby Aviation ဟာ အောင်မြင်မှု ရရှိနေပြီး ၂၀၂၃ ခုနှစ် အောက်တိုဘာလမှာ လျှပ်စစ် တက္ကစီ လေယာဉ်ကို ပထမဆုံး စမ်းသပ် မောင်းနှင်နိုင်ခဲ့ပါတယ်။ ကုမ္ပဏီဟာ ဒူဘိုင်းမှာ ၂၀၂၅ ခုနှစ်မှာ စမ်းသပ် ဝန်ဆောင်မှုပေးမှာ ဖြစ်ပြီး ၂၀၂၆ ခုနှစ်မှာ အခကြေးငွေနဲ့ ဝန်ဆောင်မှုပေးမှာ ဖြစ်ပါတယ်။

air taxi Dubai

Joby ရဲ့ လျှပ်စစ် တက္ကစီ လေယာဉ်မှာ မောင်းသူ ၁ ယောက်နဲ့ ခရီးသည် ၄ ယောက် စီးနင်းနိုင်ပြီး ၁ နာရီကို ၂၀၀ မိုင် အမြန်နှုန်းနဲ့ မောင်းနှင်နိုင်ပါတယ်။ ကားနဲ့ သွားရင် ၄၅ မိနစ်ကြာတဲ့ ခရီးကို လေယာဉ်နဲ့ဆိုရင် ၁၀ မိနစ်နဲ့ သွားနိုင်ပါတယ်။ ဒူဘိုင်း ဒေသခံတွေဟာ ဖုန်းကနေ တက္ကစီ လေယာဉ် လက်မှတ်ကို ဝယ်ယူနိုင်ပြီး eVTOL လေယာဉ်ကွင်းကနေ စီးနင်းနိုင်ပါတယ်။

Ref : electrek