JR West က ဂျပန်မှာ ကမ္ဘာ့ ပထမဆုံး 3D-Printed ရထား ဘူတာရုံကို တည်ဆောက်လိုက်ပါတယ်။ ဟတ်ဆူရှီမာ ဘူတာရုံဟာ တစ်လွှာထဲရှိပြီး အမြင့် ၂.၆ မီတာနဲ့ အကျယ် ၆.၃ မီတာ ရှိပါတယ်။
ဘူတာရုံကို ဘိလပ်မြေလို ဒြပ်ထုတွေကို အသုံးပြုထားတဲ့ 3D-Printed အစိတ်အပိုင်းတွေနဲ့ တည်ဆောက်ထားတာ ဖြစ်ပါတယ်။ အစိတ်အပိုင်းတွေကို ထုတ်လုပ်ပြီးနောက် ဘူတာရုံကို ပို့ဆောင်ပြီး နာရီအနည်းငယ်ထဲနဲ့ တည်ဆောက်ခဲ့တာ ဖြစ်ပါတယ်။
ဘူတာရုံ အဟောင်းကို ဖျက်တာနဲ့ ဘူတာရုံ အသစ်ကို တည်ဆောက်တဲ့ လုပ်ငန်း တစ်ခုလုံးဟာ ၆ နာရီပဲ ကြာမြင့်ပါတယ်။ ညဘက် နောက်ဆုံးဝင်လာတဲ့ ရထား ထွက်ခွာပြီးနောက်မှာ ဘူတာရုံ အသစ်ကို တည်ဆောက်ခဲ့ပြီး နံနက် ပထမဆုံး ရထား မဝင်လာခင်မှာ ပြီးစီးခဲ့ပါတယ်။
JR West က အိုဟောင်းနေတဲ့ ရထားဘူတာရုံတွေကို အသစ်တည်ဆောက်ဖို့ ဒီနည်းလမ်းက မြန်ဆန်ပြီး ကုန်ကျစားရိတ် သက်သာတယ်လို့ ပြောပါတယ်။ သမားရိုးကျ ရထားဘူတာရုံ ဒီဇိုင်းတွေထက် ပိုကောင်းတယ်လို့ ကုမ္ပဏီက ပြောပါတယ်။
3D-Printing နည်းပညာဟာ အဆောက်အဦးတွေကို လျှင်မြန်စွာ တည်ဆောက်ပေးနိုင်တဲ့အတွက် အသုံးဝင်ပါတယ်။ အထူးသဖြင့် သဘာဝဘေးအန္တရာယ် ကျရောက်တဲ့ ဒေသတွေ၊ အရေးပေါ် အခြေအနေတွေမှာ လူသားတွေကို များစွာ အကျိုးပြုနိုင်ပါတယ်။
Ref : Technology Innovation