နာမည်ကြီးအဆိုတော်တစ်ဦးဖြစ်တဲ့ Justin Bieber ဟာ NFT စျေးကွက်ထဲမှာ မစိမ်းတဲ့သူတစ်ယောက်ဖြစ်ပါတယ်။ အခုလည်း Justin Bieber ကနေ သူ့ရဲ့ NFT Collection ထဲကို နောက်ထပ် NFT တစ်ခုကို ထပ်မံဝယ်ယူလိုက်ပြီဖြစ်ပါတယ်။

ဒါကတော့ လက်ရှိအချိန်မှာ ရေပန်းစားနေတဲ့ Bored Ape NFT ကို ဝယ်ယူခဲ့တာဖြစ်ပြီး လက်ရှိပေါက်စျေးထက် ၅ ဆ ပိုများတဲ့ 500 ETH နဲ့ ဝယ်ယူခဲ့တာဖြစ်ပါတယ်။ အဆိုပါ ပမာဏဟာ ဒေါ်လာ ၁.၃၉ သန်းဝန်းကျင်တန်ကြေးရှိပြီး ပုံမှန်အားဖြင့် Justin Bieber ဝယ်ယူခဲ့တဲ့ Bored Ape #3001 NFT ဟာ 104ETH သို့မဟုတ် ဒေါ်လာ ၂ သိန်းဝန်းကျင်ပဲရှိမှာဖြစ်ပါတယ်။

Justin Bieber ဟာ သူဝယ်ယူခဲ့တဲ့ Bored Ape #3001 NFT ကို Instagram မှာ Post အနေနဲ့ တင်ထားခဲ့ပြီး သူ့ရဲ့ နာမည်ကြီး သီချင်းတစ်ပုဒ်ဖြစ်တဲ့ Lonely သီချင်းရဲ့ စာသားတွေနဲ့အတူတင်ထားခဲ့တာဖြစ်ပါတယ်။

Bored Ape NFT ဟာ လက်ရှိအချိန်မှာ နာမည်ကြီး Celebrity တွေ အများအပြားပိုင်ဆိုင်တဲ့ Collection တစ်ခုဖြစ်ပြီး အဆိုပါ Collection ထဲမှာ NFT ပေါင်း အခု ၁၀,၀၀၀ ခန့်ရှိနေတာဖြစ်ပါတယ်။ Justin Bieber အနေနဲ့လည်း ယခု Bored Ape #3001 NFT အပါအဝင် စုစုပေါင်း NFT ၆၁၉ ခုကို Collection ၄၉ ခုကနေ OpenSea ကနေတစ်ဆင့် ဝယ်ယူစုဆောင်းထားပြီးဖြစ်တယ်လို့ သိရပါတယ်။

Ref – The Hill