ဗြိတိန်မှ Kent Fire and Rescue Service (KFRS) မှာ မီးသတ် စက်ရုပ် တစ်ခုကို အသုံးပြနေပါတယ်။ မီးသတ် စက်ရုပ်က စက်ရုံ အလုပ်ရုံလို လူတွေအတွက် အန္တရာယ်များတဲ့ နေရာတွေမှာ မီးငြိမ်းသတ်ပေးနိင်ပါတယ်။ အဲဒီအတွက် လူတွေ ထိခိုက်ဒဏ်ရာရမှု မရှိတော့ပါဘူး။
မီးသတ် စက်ရုပ်မှာ မီးလောင်တဲ့ နေရာကို အာရုံခံနိုင်ဖို့ အပူချိန် ဆန်ဆာတွေ တပ်ဆင်ထားပါတယ်။ စက်ရုပ်ဟာ ဗီဒီယို ရိုက်ကူးနိုင်ပြီး မှတ်တမ်းတင်နိုင်ပါတယ်။ ဗီဒီယိုကို မျှဝေနိုင်ပါတယ်။ စက်ရုပ်ဟာ အသံနဲ့လည်း ဆက်သွယ်စကားပြောနိုင်ပါတယ်။ စက်ရုပ်က မီးသတ်သမားတွေကို ညွှန်ကြားချက်တွေ ပေးနိုင်ပါတယ်။
စက်ရုပ်ဟာ တစ်မိနစ်မှာ ရေလီတာ ၂,၀၀၀ ပက်ဖြန်းနိုင်ပါတယ်။ မီးသတ်သမားတွေက စက်ရုပ်ကို မီတာ ၆၀၀ အကွာကနေ ထိန်းချုပ်နိုင်ပါတယ်။ မီးသတ်ဌာနမှာ စက်ရုပ်ကို ၁၂ လ စမ်းသပ် အသုံးပြုမှာ ဖြစ်ပါတယ်။
မီးလောင်တဲ့ အချိန်မှာ အခန့်မသင့်ရင် မီးသတ်သမားတွေဟာ ထိခိုက်ဒဏ်ရာရတတ်ကြပါတယ်။ အခု မီးသတ်စက်ရုပ်က လူသားတွေအတွက် အန္တရာယ်ရှိတဲ့ အခြေအနေမှာ မီးငြိမ်းသတ်ဖို့ အလွန် အသုံးဝင်ပါတယ်။
Ref : Technology Innovation