Kraken တည်ထောင်သူနဲ့ အမှုဆောင်အရာရှိချုပ်ဖြစ်သူ Jesse Powell က Cryptocurrency exchange ဟာ Non-fungible token marketplace အတွက်လုပ်ဆောင်နေကြောင်း၊ ဒါဟာ ဖောက်သည်တွေအနေနဲ့ Digital art တွေကို စုဆောင်းရုံသက်သက်မဟုတ်ဘဲ ပိုမိုတဲ့လုပ်ဆောင်မှုတွေ ဖြစ်ပေါ်လာစေမှာဖြစ်ကြောင်း ပြောဆိုခဲ့ပါတယ်။

Powell ရဲ့ အဆိုအရ Marketplace ဟာ ထိန်းသိမ်းစောင့်ရှောက်ခြင်းဝန်ဆောင်မှုကိုထောက်ပံ့မှာဖြစ်ပြီး၊ ဖောက်သည်တွေအနေနဲ့ သူတို့ရဲ့ NFTs တွေကို အာမခံပစ္စည်းအဖြစ်ထားရှိပြီး ငွေကြေးချေးယူနိုင်ခွင့်ပေးအပ်ဖို့ စဉ်းစားနေကြောင်း သိရပါတယ်။

“အကယ်၍ Kraken မှာ CryptoPunk ကို အပ်နှံထားမယ်ဆိုရင်၊ အပ်နှံသူရဲ့အကောင့်အတွက် တန်ပြန်တန်ဖိုးဖြစ်ပေါ်စေချင်ပါတယ်။ အဲဒီလိုမဟုတ်ဘဲ ငွေချေးချင်တယ်ဆိုရင်တော့ Kraken က အပ်နှံထားတဲ့ NFT ရဲ့ တန်ဖိုးအတိုင်း ငွေပေးနိုင်ဖို့ဆုံးဖြတ်တွက်ချက်မဲ့ စနစ်တစ်ခုကိုလုပ်ဆောင်နေပါတယ်” လို့ Powell က Bloomberg News နဲ့ အင်တာဗျူးမှာ ဖြေခဲ့ပါတယ်။

Powell ဟာ ၂၀၁၁ ခုနှစ်မှာ Kraken ကို စတင်တည်ထောင်ခဲ့ပြီး ဒီနှစ်မှာတော့ ဒီနယ်ပယ်ရဲ့သမိုင်းကြောင်းထဲ NFTs တွေကို ပင်မရေစီးကြောင်းဖြစ်လာအောင် ပြုလုပ်ခဲ့တဲ့နှစ်ဖြစ်ပါလိမ့်မယ်။ Crypto ဂေဟစနစ်ဟာ ဒီနှစ်မှာပါဝင်သူအသစ်တွေ လွှမ်းမိုးလာတာကို တွေ့မြင်ရပါတယ်။ လက်လီရင်းနှီးမြှုပ်နှံသူတွေကနေ အမှတ်တံဆိပ်ကြီးတွေအထိ ပါဝင်လာတာလည်း ဖြစ်ပါတယ်။

“အံ့အားသင့်စရာကောင်းလွန်းတဲ့ကိစ္စမျိုးပါ။ ဦးဆုံး ၁၀ နှစ်အတွင်းမှာ Bitcoin က ရောင်းချဖို့ အရမ်းပဲခက်ခဲခဲ့ပါတယ်။ လူတွေက ဘာကြောင့် Bitcoin ကို စိတ်ဝင်စားသင့်သလဲဆိုတာရောပေါ့” လို့ Powell က ပြောပါတယ်။ ဒါ့အပြင် “ကျွန်တော်ထင်တော့ လူကြိုက်များတာနဲ့ မှန်ကန်တဲ့ပေါင်းစပ်မှုမျိုးလုပ်ခဲ့တာကြောင့်လို့ ကျွန်တော်ထင်တယ်။ လူတွေပြောနေကြတဲ့ NBA Top Shots လို တကယ့်ကို ထင်ပေါ်ကျော်ကြားတာမျိုးပေါ့။” လို့ NFTs ရဲ့ အစောပိုင်းသဘောတရားကို ရှင်းပြခဲ့ပါသေးတယ်။

Binance နဲ့ FTX Exchange အပါအဝင် ကြီးမားတဲ့လုပ်ငန်းပြိုင်ဘက်တွေဟာ NFT marketplace ကို အစောပိုင်းကတည်းက ဖွင့်လှစ်ခဲ့ပြီးဖြစ်ပါတယ်။ Kraken ကတော့ လာမဲ့နှစ်အစောပိုင်းမှာ NFT space ထဲဝင်ရောက်နိုင်မယ်လို့ မျှော်လင့်နေတာ ဖြစ်ပါတယ်။

Ref: Fortune