နာမည်ကြီး Apple သုံးသပ်သူ Ming-Chi Kuo က iPhone Air မော်ဒယ်သစ်နဲ့ ပတ်သက်ပြီး သတင်းဆိုးတစ်ခု သယ်ဆောင်လာပါတယ်။ Apple ဟာ iPhone Air အတွက် အော်ဒါတွေကို လျှော့ချနေပြီလို့ တခြားသုံးသပ်သူတွေနဲ့အတူ သူက ထုတ်ဖော်ပြောကြားလိုက်တာပါ။
Kuo ရဲ့ အဆိုအရ Apple ဟာ တင်ပို့ရောင်းချမှုရော၊ ထုတ်လုပ်မှုကိုပါ လျှော့ချနေတာ ဖြစ်ပါတယ်။ ပိုဆိုးတာက၊ supplier အများစုဟာ ၂၀၂၆ ခုနှစ် ပထမသုံးလပတ်မှာ ထုတ်လုပ်မှု ၈၀% ကျော်အထိ လျှော့ချရတော့မှာ ဖြစ်ပြီး၊ အချို့အစိတ်အပိုင်းတွေဆို ၂၀၂၅ နှစ်ကုန်မှာ လုံးဝ ရပ်ဆိုင်းပစ်တော့မယ်လို့ ဆိုပါတယ်။

ဒီအခြေအနေဟာ အရင်က မအောင်မြင်ခဲ့တဲ့ iPhone mini နဲ့ iPhone Plus မော်ဒယ်တွေရဲ့ လမ်းစဉ်အတိုင်း iPhone Air က လိုက်နေပုံပါပဲ။ ဈေးကွက်မှာ ထင်သလောက် လူကြိုက်များမှု မရရှိခဲ့တာ ဖြစ်နိုင်ပါတယ်။
ဒါပေမဲ့ ခဏလေး… iPhone Air ကို “ရှုံးပြီ” လို့ တန်းသတ်မှတ်လို့တော့ မရသေးပါဘူး။ Apple ရဲ့ ထုံးစံအတိုင်း၊ အစပိုင်းမှာ Pro မော်ဒယ်တွေကပဲ တခြားမော်ဒယ်တွေထက် အမြဲတမ်း ပိုရောင်းရလေ့ရှိပါတယ်။ ဒါကြောင့် Apple အနေနဲ့ Pro မော်ဒယ်တွေ ပိုရောင်းရအောင် ထုတ်လုပ်မှုကို ခေတ္တညှိနှိုင်းလိုက်တာမျိုးလည်း ဖြစ်နိုင်ပါတယ်။
Pro မဟုတ်တဲ့ မော်ဒယ်တွေက ဈေးကွက်ထဲ ရောက်ပြီး လအနည်းငယ်ကြာမှ တွင်တွင်ကျယ်ကျယ် ရောင်းရတတ်တဲ့ သဘောသဘာဝလည်း ရှိနေပါသေးတယ်။
ဒါပေမဲ့ ပြောရခက်တာကတော့… ဒါဟာ ပထမဆုံးနဲ့ နောက်ဆုံး မြင်တွေ့ရမယ့် iPhone Air ဖြစ်သွားနိုင်ခြေလည်း ရှိနေပြန်ပါတယ်ခင်ဗျာ။
Ref: gsmarena