လန်ဒန်က အသက် ၃၂ နှစ်အရွယ် အမျိုးသမီး ၁ ယောက်ဟဟာ iPhone 13 Pro Max မှာလိုက်ပေမယ့် Delivery ရောက်လာတဲ့အခါမှာ ၁ ဒေါ်လာတန် လက်သန့်ဆေးရည်ဘူးကို တွေ့လိုက်ရတဲ့အတွက် အံ့အားသင့်တုန်လှုပ်သွားခဲ့ပါတယ်။ အွန်လိုင်းကနေ ဈေးဝယ်တဲ့အခါ ပစ္စည်းမှားပို့တဲ့ ဖြစ်ရပ်များစွာထဲမှာ အခု ဖြစ်ရပ်လည်း ပါဝင်လာပါတယ်။

Apple iPhone 13 Pro Max

အမျိုးသမီး အမည်ဟာ Khaoula Lafhaily ဖြစ်ပြီး သူမရဲ့ Mobile Carrier ဖြစ်တဲ့ Sky Mobile ကနေ စတာလင်ပေါင် ၁,၅၀၀ တန်ကြေးရှိတဲ့ iPhone 13 Pro Max ကို ၃ နှစ်စာချုပ်နဲ့ ဝယ်ယူခဲ့တာ ဖြစ်ပါတယ်။ သူမဟာ ငွေလွှဲပြီး ၂ ရက်အကြာမှာ ပစ္စည်းရခဲ့ပေမယ့် ၁ ဒေါ်လာတန် လက်သန့်ဆေးရည်ဘူးကို မြင်လိုက်ရတဲ့အခါမှာ အံ့အားသင့်သွားခဲ့ပါတယ်။ သူမဟာ Sky Mobile ကို အခုဖြစ်ရပ်အကြောင်း အသိပေးထားပေမယ့် အခုထက်ထိ iPhone မရသေးပါဘူး။ ကုမ္ပဏီရဲ့ Delivery ဝန်ဆောင်မှုဟာ ညံ့ဖျင်းတယ်လို့ သူမက ပြောပါတယ်။

Lafhaily ဟာ ဇန်နဝါရီလ ၂၄ ရက်နေ့မှာ iPhone 13 Pro Max ကို ဝယ်ယူခဲ့ပြီး Single-day Delivery အတွက် ငွေပေးသွင်းခဲ့ပါတယ်။ ကုမ္ပဏီက iPhone 13 Pro Max အစား လက်သန့်ဆေးရည်ဘူးကို ဘယ်ပုံဘယ်နည်း ထည့်သွင်းပေးလိုက်သလဲ ဆိုတာ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။ Sky Mobile က အဲဒီ ဖြစ်ရပ်ကို စုံစမ်းစစ်ဆေးမယ်လို့ ပြောထားပါတယ်။

Ref : gizmochina