ရုရှား စစ်တပ်ဟာ ယူကရိန်း မြို့တော် Kiev ကို ဝင်ရောက်ဖို့ ချဉ်းကပ်လာကြပြီ ဖြစ်တဲ့အတွက် ယူကရိန်းရဲ့ အခြေအနေဟာ တော်တော်စိုးရိမ်စရာကောင်းလာပါပြီ။ ယူကရိန်း အစိုးရဟာ ရုရှားတွေကို ခုခံကာကွယ်ဖို့ နိုင်ငံသားတွေကို လက်နက်တွေ တပ်ဆင်ပေးထားပါတယ်။ လက်ရှိ အချိန်အထိ ယူကရိန်း အစိုးရဟာ တခြား နိုင်ငံတွေက စစ်ဘက်ဆိုင်ရာ အကူအညီတွေ မရရှိသေးပေမယ့် မိတ်ဖက် နိုင်ငံတချို့က စားနပ်ရိက္ခာတွေ ပို့ပေးနေကြပါတယ်။

Ukraine Asks Apple to Stop Product Sales and Block App Store Access in  Russia - MacRumors

ယူကရိန်း အစိုးရဟာ ရုရှားကို ခုခံ ကာကွယ်ဖို့ ရနိုင်တဲ့ နည်းလမ်းမျိုးစုံကို အသုံးပြုနေပါတယ်။ ပြီးခဲ့တဲ့ သောကြာနေ့မှာ ဒုတိယ ဝန်ကြီးချုပ် Mykailo Fedorov က ရုရှားမှာ iPhone , iPad စတဲ့ ထုတ်ကုန်တွေ မရောင်းချဖို့နဲ့ App Store သုံးလို့ မရအောင် ပိတ်ပင်ပေးဖို့ Apple ကို အိတ်ဖွင့်ပေးစာ ၁ စောင်နဲ့ တောင်းဆိုလိုက်ပါတယ်။ ဒီလို လုပ်ခြင်းအားဖြင့် ရုရှား ကျူးကျော်စစ်ကို ရပ်တန့်အောင် လူငယ်တွေနဲ့ တက်ကြွလှုပ်ရှားသူတွေကို တွန်းအားပေးနိုင်မယ်လို့ ယုံကြည်ကြောင်းလည်း စာမှာ ဖော်ပြထားပါတယ်။

Block Russia from the App Store: Ukraine official - Protocol

အမေရိကန်နဲ့ ဥရောပဟာ ကျူးကျော်စစ်ကြောင့် ရုရှား အပေါ် ပိတ်ပင် အရေးယူမှုများစွာ ပြုလုပ်နေပါတယ်။ အဲဒီအထဲမှာ ရုရှားကို Semiconductor တွေ မရောင်းချဖို့လည်း ပါဝင်ပါတယ်။ ရုရှားဟာ တရုတ် ဆီကနေ Chip အဓိက ဝယ်ယူနေတာ ဖြစ်ပေမယ့် အခု ပိတ်ပင်မှုတွေကြောင့် အနည်းနဲ့အများ ထိခိုက်သွားမှာ ဖြစ်ပါတယ်။ အခုတော့ ယူကရိန်းက ရုရှားကို ကူညီတိုက်ခိုက်ဖို့ Apple ကို တောင်းဆိုလိုက်ပြီး Apple ကတော့ အိတ်ဖွင့်ပေးစာကို တုန့်ပြန်မှု မပြုလုပ်သေးပါဘူး။

ပန်တဂွန်က ရုရှား စစ်သား ၅၀,၀၀၀ ကျော်ဟာ ယူကရိန်း နိုင်ငံထဲကို ဝင်ရောက်လာကြပြီလို့ တွက်ချက်ထားပါတယ်။ အဲဒီ စစ်သားတွေဟာ  Kyiv ကို ဝင်ရောက်လာကြပြီ ဖြစ်ပြီး နှစ်ဖက် ပစ်ခတ် တိုက်ခိုက်မှုတွေ ဖြစ်နေကြပါတယ်။

Ref : gizchina