Galaxy A33 ဟာ Samsung ရဲ့ ၂၀၂၂ ခုနှစ် Portfolio တွေဖြစ်လာမဲ့ A13, A23 တို့နဲ့ အလားတူပါဝင်လာမှာဖြစ်ပြီး သူနဲ့ပတ်သက်တဲ့ အသေးစိတ်အချက်အလက်တွေ ထပ်ပြီးပေါက်ကြားလာပြန်ပြီ ဖြစ်ပါတယ်။ သတင်းအရ Galaxy A33 ဟာ Galaxy A53 လိုပဲ တရားဝင်မကြေညာရသေးတဲ့ Exynos 1280 chipset ကို အသုံးပြုသွားမယ်လို့ သိရပါတယ်။

Exynos 1280 ဟာ 5nm process ပေါ်မှာအခြေခံတည်ဆောက်ထားတာဖြစ်ပြီး 2.4 GHz Cortex-A78 cores နှစ်ခုနဲ့ 2.0 GHz Cortex-A55 cores ခြောက်ခု ပါဝင်တဲ့ Octa-core CPU ဖြစ်ပါတယ်။ ဒါကို 8GB of RAM, 128GB storage တို့နဲ့ တွဲဖက်ထားတယ်လို့ သိရပါတယ်။ ဈေးကွက်အလိုက် ကွဲပြားခြားနားခြင်းတွေ ရှိနိုင်ပြီး Galaxy A33 ကို Exynos 1200 နဲ့ 6GB of RAM အတွဲအဖက်နဲ့လည်း တွေ့နိုင်ဖွယ်ရှိပါတယ်။

Exynos 1280 ရဲ့ စွမ်းဆောင်ရည်အကြောင်းကိုတော့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။ Galaxy A33 နဲ့ Galaxy A53 နှစ်မျိုးစလုံးကို 5G ဗားရှင်းပဲထုတ်လုပ်မယ်လို့လည်း ကောလာဟလတွေ ထွက်နေပါသေးတယ်။ Galaxy A33 ဟာ ရေနဲ့ဖုန်ဒဏ်ခံနိုင်ရည်ရှိပြီး IP67 အထိရှိမယ်လို့ မျှော်လင့်ရပါတယ်။ Galaxy A33 လည်း ဈေးနှုန်းသက်သာမယ်လို့ မျှော်လင့်ထားနိုင်ပြီး Android 12 အခြေခံ One UI 4.1 နဲ့ ထွက်လာမယ်လို့ ဆိုပါတယ်။

ကင်မရာပိုင်းကတော့ Galaxy A32 5G လိုမျိုးပဲ တပ်ဆင်လာမယ်လို့ မျှော်လင့်ရပါတယ်။ ပြီးခဲ့တဲ့ဗားရှင်းနဲ့နှိုင်းယှဉ်ရင်တော့ အဆင့်မြှင့်တင်မှုလို့ဆိုရမှာက Fingerprint scanner ကို ဘေးဘောင်မှာမထားတော့ဘဲ မျက်နှာပြင်အောက်မှာ မြှုပ်နှံလိုက်တာ ဖြစ်ပါတယ်။ နောက်ဆုံးပေါက်ကြားမှုအရ Galaxy A33 ဟာ 6.4-inch FHD+ Super AMOLED မျက်နှာပြင်နဲ့အတူ 90 Hz refresh rate ကို ထောက်ပံ့လာမယ်လို့ သိရပါတယ်။

Galaxy A33 မှာ 5,000mAh ဘက်ထရီ တပ်ဆင်ထားပြီး 25W မယ်ဆိုပေမဲ့ ဘူးထဲမှာတော့ 15W charger ပဲ ထည့်သွင်းပေးလာမယ်လို့ မျှော်လင့်ရပါတယ်။ အလေးချိန်က 186g ရှိပြီး အရွယ်အစားက 159.7 x 74 x 8.1 mm ဖြစ်ပါတယ်။ နားကြပ်ပေါက် မပါဝင်တော့ပါဘူး။ ဥရောပဈေးနှုန်းက 8GB/128GB ကို €369 ဖြစ်ပြီး Black, White, Blue နဲ့ Peach စတဲ့ အရောင်လေးမျိုး ရှိတယ်လို့ သိရပါတယ်။

Ref: GSM Arena