OPPO A53 2020 ကို အင်ဒိုနီးရှားမှာ ပြီးခဲ့တဲ့ ကြာသာပတေးနေ့က ကြေညာခဲ့ပြီး 4GB/64GB Version ကို ၂,၄၉၉,၀၀၀ ရူပီးယား သတ်မှတ်ထားပါတယ်။ မြန်မာငွေ ၂ သိန်း ၃ သောင်းလောက်ကျသင့်ပါတယ်။ အိန္ဒိယမှာ ၂၅ ရက်နေ့ ကြေညာမှာ ဖြစ်ပြီး အခုတော့ အိန္ဒိယမှာ OPPO A53 2020 ရဲ့ 6GB/128GB Version ကို ရောင်းမယ်လို့ သတင်းထွက်လာပါတယ်။

OPPO A53 2020 ဟာ Snapdragon 460 ပါတဲ့ ပထမဆုံး စမတ်ဖုန်း ဖြစ်ပြီး HD+ LCD မျက်နှာပြင်နဲ့ 90Hz Refresh Rate ကို တွဲဖက်ထားတဲ့ ပထမဆုံး OPPO ဖုန်းလည်း ဖြစ်ပါတယ်။ Mukul Sharma က 6GB/128GB Version ကို အိန္ဒိယမှာ ရူပီး ၁၄,၀၀၀ နဲ့ ၁၅,၀၀၀  အကြား ရောင်းမယ်လို့ ပြောတဲ့အတွက် မြန်မာငွေ ၂ သိန်းခွဲလောက် ကျသင့်မှာပါ။ သူက 4GB/64GB Version ကိုလည်း အိန္ဒိယမှာ ရောင်းမယ်လို့ ပြောပါတယ်။

ဈေးနှုန်းအရ OPPO A53 2020 ဟာ POCO M2 Pro , Redmi Note 9 Pro , realme 6 နဲ့ Samsung Galaxy M21 တို့နဲ့ ယှဉ်ပြိုင်ရမှာပါ။ ဒါပေမယ့် OPPO ဟာ ဈေးကွက်မှာ ရောင်းအား မြှင့်တင်နိုင်တဲ့ ကုမ္ပဏီ ဖြစ်တဲ့အတွက် OPPO A53 2020 ဟာ ရောင်းအားကောင်းမှာ သေချာပါတယ်။

OPPO A53 2020 မှာ 12MP Wide , 2MP Macro နဲ့ 2MP Depth ကင်မရာ ၃ လုံးကို အနောက်ဘက်နဲ့ 16MP Punch-hole ကင်မရာကို အရှေ့ဘက်မှာ တပ်ဆင်ထားပါတယ်။ လက်ဗွေရာ ကိရိယာ၊ microSD Card Slot ၊ နားကြပ်ပေါက်၊ USB Type-C ၊ 5000mAh ဘက်ထရီ ၊ 18W Fast Charging နဲ့ Android 10 အခြေပြု ColorOS 7.2 တွေ ပါပါတယ်။

Ref : gizmochina