Xiaomi Mi 10T Series တွေကို လာမယ့် ၃၀ ရက်နေ့မှာ ကြေညာတော့မှာ ဖြစ်တဲ့အတွက် တရားဝင် မြင်ရဖို့ ရက်နည်းနည်းပဲ လိုပါတော့တယ်။ အခုတော့ တရားဝင် မိတ်ဆက်ပွဲ မတိုင်ခင်မှာ Mi 10T နဲ့ Mi 10T Pro တို့ရဲ့ ဓါတ်ပုံနဲ့ Specs အပြည့်အစုံ ထွက်ပေါ်လာပါတယ်။

Mi 10T 5G

Mi 10T 5G မှာ ၆.၆၇ လက်မ IPS LCD FHD+  မျက်နှာပြင်ပါလာမှာ ဖြစ်ပြီး မျက်နှာပြင်ဘယ်ဘက်အထက်က Punch Hole မှာ 20MP ကင်မရာ ၁ လုံး တပ်ဆင်ထားပါတယ်။  144Hz Refresh Rate ကြောင့် မျက်နှာပြင်တုန့်ပြန်မှု အရမ်းကောင်းမှာ ဖြစ်ပြီး အရှေ့နဲ့ အနောက်ကို Gorilla Glass 5 နဲ့ ကာကွယ်ထားပါတယ်။ စွမ်းရည်မြင့် Snapdragon 865 Chipset ,8GB LPDDR5 RAM ,  128GB UFS 3.1 Storage နဲ့ 33W Wired Fast Charging ပါတဲ့ 5,000mAh ဘက်ထရီ ပါလာမှာပါ။

ကင်မရာတွေ အကြောင်းပြောရရင် အနောက်ဘက်မှာ 64MP , 13MP Ultrawide နဲ့ 5MP Macro ကင်မရာတွေနဲ့အတူ LED Flash ၁ လုံး ပါလာမှာပါ။ ဘေးဘက်လက်ဗွေရာ ကိရိယာ တပ်ဆင်ထားပြီး နားကြပ်ပေါက် မပါလာပါဘူး။ အနက်နဲ့ ငွေရောင် ရွေးချယ်နိုင်မှာဖြစ်ပါတယ်။

Mi 10T Pro 5G

Mi 10T Pro 5G ရဲ့ မျက်နှာပြင် အရွယ်အစားက ၆.၆၇ လက်မ ဖြစ်ပြီး IPS LCD FHD+ အမျိုးအစား ဖြစ်ပါတယ်။ 144Hz Refresh Rate နဲ့ 20MP Punch Hole ဆဲလ်ဖီး ကင်မရာ ပါလာမှာ ဖြစ်ပြီး Chipset က Snapdragon 865 ဖြစ်ပါတယ်။ 8GB RAM ပါလာမှာ ဖြစ်ပြီး Storage အပိုင်းမှာ 128GB နဲ့ 256GB ၂ မျိုး ထုတ်လုပ်ထားမှာပါ။

Pro မှာ ပိုကောင်းသွားတာက ကင်မရာပါ။ Mi 10T ရဲ့ 64MP အစား 108MP ထည့်ထားပြီး 13MP Ultrawide , 5MP Macro ကင်မရာတွေနဲ့အားဖြည့်ထားပါတယ်။ ဘေးဘက်လက်ဗွေရာ ကိရိယာ ထောက်ပံ့ထားပြီး အရှေ့နဲ့ အနောက်ကို Gorilla Glass 5 နဲ့ ကာကွယ်ထားပါတယ်။ 33W Fast Charging ပါတဲ့ 5,000mAh ဘက်ထရီ ထောက်ပံ့ထားပြီး အနက်၊ အပြာနဲ့ ငွေရောင်တွေ ထုတ်လုပ်ထားမှာပါ။

Ref : gizmochina