Samsung ဟာ အမြဲတမ်းလိုလို Flagship Series စမတ်ဖုန်းအသစ်တွေနဲ့အတူ Earbuds အသစ်တွေကိုပါ တစ်ပါတည်းမိတ်ဆက်နေကျဖြစ်ပါတယ်။ ယခုနှစ်မှာလည်း Galaxy Buds+ နဲ့ Galaxy Buds Live အမည်ရှိတဲ့ Earbuds တွေကို မိတ်ဆက်ထားခဲ့ပါတယ်။

မကြာခင်မှာလည်း Samsung ကနေ Galaxy S21 Series စမတ်ဖုန်းတွေကို မိတ်ဆက်ဖို့ စီစဥ်နေတာဖြစ်ပါတယ်။ အဆိုပါ Galaxy S21 Series ဖုန်းတွေနဲ့အတူ Galaxy Buds Pro နာမည်နဲ့ Earbuds အသစ်ကိုလည်း မိတ်ဆက်သွားမယ်ဆိုပြီး သတင်းတွေထွက်ပေါ်ထားခဲ့ပါတယ်။

အခုအချိန်မှာတော့ Galaxy Buds Pro ရဲ့ Render ဓါတ်ပုံတွေက ပေါက်ကြားလာခဲ့ပြီဖြစ်ပါတယ်။ နာမည်ကြီး Leaker တစ်ဦးဖြစ်တဲ့ Evan Blass ကိုယ်တိုင်က ဖော်ပြခဲ့တာဖြစ်တဲ့အတွက် Design ပိုင်းကတော့ ကျိန်းသေသလောက်ဖြစ်နေပြီလို့ ပြောနိုင်ပါတယ်။

Galaxy Buds Pro ဟာ Design ပိုင်းမှာ Silicon Eartips တွေကို ပြန်လည်အသုံးပြုထားပြီး Galaxy Buds Live ထက် Galaxy Buds+ နဲ့ ပိုပြီးဆင်တူနေတာဖြစ်ပါတယ်။ Galaxy Buds Pro လို့ နာမည်ပေးထားတဲ့အတွက် Active Noise Cancellation Feature လည်းပါဝင်လာဖွယ်ရှိနေပါတယ်။

အရောင်အနေနဲ့ကတော့ Purple အရောင်အပြင် Galaxy S21 ဖုန်းတွေရဲ့ အရောင်တစ်မျိုးဖြစ်လာမယ့် Phantom Silver Color ကိုပါ ဖော်ပြခဲ့ပါတယ်။ Charging Case အနေနဲ့ကတော့ Galaxy Buds+ အစား Galaxy Buds Live ရဲ့ Charging Case နဲ့ ဆင်တူမှာဖြစ်ပါတယ်။ FCC Listing ရဲ့ ဖော်ပြချက်အရ အဆိုပါ Galaxy Buds Pro Earbuds တွေမှာ 500mAh Battery ပါဝင်မှာဖြစ်တဲ့အတွက် ယခင်ထက် Battery Life ပိုင်းမှာ ပိုပြီးကောင်းမွန်လာမယ်လို့ ယူဆရပါတယ်။

Ref – Gizmo China