Samsung ရဲ့ လာမဲ့ Foldable ဖုန်းတွေအကြောင်း သတင်းပေါက်ကြားမှုတွေကတော့ ဆက်တိုက်ဆိုသလို ဖြစ်ပေါ်နေပါတယ်။ အထူးသဖြင့် Galaxy Z Fold 3 ရဲ့ အချက်အလက်တွေအကြောင်းဖြစ်ပါတယ်။ ဒါပေမဲ့ Galaxy Z Flip 3 နဲ့ ပတ်သက်တဲ့အချက်အလက်တွေလည်း သတင်းယိုစိမ့်မှုဖြစ်ပေါ်လာတာကို တွေ့ရပါတယ်။

Galaxy Z Fold 3 ရဲ့ ဒီဇိုင်းပိုင်းဆိုင်ရာပြောင်းလဲမှုမှာ ကင်မရာပိုင်းကို အဓိကအာရုံစိုက်ထားတယ်လို့ဆိုရပါလိမ့်မယ်။ အထူးသဖြင့် Under-panel camera တပ်ဆင်ထားတာပါပဲ။ Under-panel ဆိုပေမဲ့ ဒီကင်မရာက သိပ်ပြီးသိသာထင်ရှားနေမှာမဟုတ်ဘူးလို့ ထုတ်လုပ်မှုနယ်ပယ်တွင်းက သတင်းရင်းမြစ်တွေကို ကိုးကားပြီး Ice Universe က ပြောပါတယ်။

ကနဦးပေါက်ကြားချက်တွေအရ Internal display နှစ်ခုကြား ကွာဟချက်က သေးငယ်သွားမယ်ဆိုတာကို သိခဲ့ပြီးဖြစ်ပါတယ်။ ဒါပေမယ့် Ice Universe ကတော့ ကနဦးသတင်းတွေကို ငြင်းဆန်ပြီး ရှေ့ကထွက်ခဲ့ပြီးသား Fold ရဲ့အတိုင်းအတာနဲ့ တူညီမယ်လို့ ဆိုပါတယ်။

ဒါကြောင့် Galaxy Fold 3 ဟာ 7.56-inch အဓိကမျက်နှာပြင်၊ 1768×2208 နဲ့ 6.23-inch 832×2268 outer panel တို့နဲ့ဖြစ်မယ်လို့ ဆိုရပါလိမ့်မယ်။ Cover unit မှာ 120Hz refresh rate ရှိတယ်လို့လည်း သိရပါတယ်။ S Pen ထောက်ပံ့မယ်ဆိုတာကတော့ FCC ကတစ်ဆင့် အတည်ပြုနိုင်ခဲ့ပြီးဖြစ်ပါတယ်။

အခြား Device ဖြစ်တဲ့ Galaxy Z Flip 3 ကတော့ S Pen နဲ့ ဘယ်လိုမှ သဟဇာတမဖြစ်ပါဘူး။ ကင်မရာပိုင်းမှာလည်း Under-display camera ကို တပ်ဆင်ထားမှာ မဟုတ်ပါဘူး။ ဒါပေမဲ့ သိသိသာသာ အဆင့်မြှင့်တင်ထားမယ်လို့တော့ ဆိုပါတယ်။

လက်ရှိ Flip ဟာ 1.1-inch external screen နဲ့ဖြစ်ပြီး Function တွေကလည်း အကန့်အသတ်နဲ့ ဖြစ်ပါတယ်။ Flip 3 ကတော့ 1.9-inch external panel နဲ့ဖြစ်ပါတယ်။ အဓိကမျက်နှာပြင်ကတော့ သူ့ရှေ့က Flip အတိုင်းပဲဖြစ်တာကြောင့် 6.7-inch ပဲဖြစ်ပါလိမ့်မယ်။ Refresh rate ကတော့ 120Hz လို့ သိရပါတယ်။ ဒီ Foldable နှစ်မျိုးစလုံးမှာ Qualcomm Snapdragon 888 အသုံးပြုထားပြီး လာမဲ့ သြဂုတ်လ ၃ ရက်နေ့မှာ ကြေညာမယ်လို့ မျှော်လင့်ရပါတယ်။

Ref: Phone Arena