Lenovo က တရုတ်မှာ K12 Series ကို ကြေညာလိုက်ပါတယ်။ K12 နဲ့ K12 Pro လို့ နာမည်ပေးထားပြီး တကယ်တော့ လက်ရှိထွက်ပြီးသား Motorola ဖုန်းတွေကို တရုတ်မှာ နာမည်ပြောင်းရောင်းချလိုက်တာပါ။ K12 ဟာ Moto E7 Plus ၊ K12 Pro ဟာ ပြီးခဲ့တဲ့ လက ဥရောပမှာ ကြေညာခဲ့တဲ့ Moto G9 Power နဲ့ တူညီပါတယ်။

Lenovo K12 and K12 Pro budget phones now official

Lenovo K12 မှာ ၆.၅ လက်မ HD+ LCD မျက်နှာပြင် ပါလာပြီး အရွယ်သေး Notch မှာ 8MP ဆဲလ်ဖီး ကင်မရာ ၁ လုံး တပ်ဆင်ထားပါတယ်။ Snapdragon 460 Chipset မောင်းနှင်ထားပြီး 4GB RAM နဲ့ 64GB Storage ပါပါတယ်။ အနောက် ကင်မရာ ၂ လုံးကတော့ 48MP Main နဲ့ 2MP Depth တို့ ဖြစ်ပြီး အရွယ်ကြီး 5,000mAh ဘက်ထရီနဲ့ Android 10 OS ထည့်ထားပါတယ်။ ၇၉၉ ယွမ် သတ်မှတ်ထားပြီး ၁ သိန်း ၆ သောင်းလောက် ကျသင့်မှာပါ။

Lenovo K12 and K12 Pro announced - GSMArena.com news

K12 Pro မှာ ၆.၈ လက်မ HD+ LCD မျက်နှာပြင် ပါလာပြီး 16MP Punch Hole ဆဲလ်ဖီး ကင်မရာကို မျက်နှာပြင် ဘယ်ဘက်အထက်မှာ ထည့်သွင်းထားပါတယ်။ အနောက်ဘက်မှာ 64MP Main , 2MP Depth နဲ့ 2MP Macro ကင်မရာ ၃ လုံးပါလာပြီး Snapdragon 662 Chipset မောင်းနှင်ထားပါတယ်။ 4GB RAM , 128GB Storage ပါလာပြီး 20W Fast Charging ထောက်ပံ့တဲ့ 6,000mAh ဘက်ထရီက ဒီဖုန်းရဲ့ အမိုက်ဆုံး အစိတ်အပိုင်းပါ။

K12 Pro ကို ၉၉၉ ယွမ် သတ်မှတ်ထားပြီး ၂ သိန်းလောက်ပဲ ရှိပါတယ်။

Ref : gsmarena