Lenovo က Gaming Laptop အသစ် ၁ လုံးကို ကြေညာလိုက်ပါတယ်။ Lenovo Legion Slim 7 လို့ နာမည်ပေးထားပြီး AMD Ryzen H-Series Mobile Processor တပ်ဆင်ထားပါတယ်။ ပရီမီယမ် မော်ဒယ်မှာ ဒီလို Processor သုံးထားတာ ဒါ ပထမဆုံး ပါ။

Lenovo Legion Slim 7 Gaming Laptop

Laptop မှာ ၁၅.၆ လက်မ မျက်နှာပြင် ထည့်ထားပြီး 4K Resolution အထိ ရွေးချယ်နိုင်ပါတယ်။ IPS VESA DisplayHDR 400 Panel ဖြစ်ပြီး 500 nits Brightness, 60Hz Refresh Rate , Dolby Vision တွေ ထောက်ပံ့ထားပါတယ်။

Lenovo Legion Slim 7 Gaming Laptop Specs Leaked Ahead of Official Release | My Laptop Guide

AMD Ryzen 4000 H-Series Processor နဲ့ Nvidia RTX 2060 တွေ ထောက်ပံ့ထားပါတယ်။ 8 Ultra-responsive Cores ပါတဲ့  AMD Ryzen 9 4900H Mobile Processor အထိ ရွေးချယ်နိုင်ပါတယ်။ 32GB DDR4 RAM နဲ့ 2TB M.2 NVMe PCIe SSD Storage တွေအထိ ရွေးချယ်နိုင်ပြီး ပါဝါခလုတ်မှာ လက်ဗွေရာ ကိရိယာ မြှပ်နှံထားပါတယ်။ Backlit TrueStrike Keyboard တပ်ဆင်ထားပါတယ်။

720p HD Webcam ကို Privacy Shutter နဲ့ ကာကွယ်ထားလို့ရတဲ့အတွက် လုံခြုံရေး စိတ်ချရပါတယ်။ 2 x 2W Dolby Atmos Speaker System ပါလာပြီး Dolby Sound Radar ထောက်ပံ့ထားပါတယ်။  Wi-Fi 6 AX1650, Bluetooth v5.1, 2 x USB Type-C, DisplayPort, USB 3.1 Gen 2, 1 x 4-in-1 SD Card Reader, 1 x 3.5mm Audio Jack နဲ့ 2 x USB 3.2 Gen 2 တွေ တပ်ဆင်ထားပါတယ်။

Windows 10 Pro OS မောင်းနှင်ထားပြီး 71WHr ဘက်ထရီက ၉.၆ နာရီအထိ ကောင်းကောင်း သုံးနိုင်သလို Rapid Charge Pro ထောက်ပံ့ထားပါတယ်။ Lenovo က Legion Slim 7 Laptop ကို အာကာသ အဆင့် အလူမီနီယမ်နဲ့ တည်ဆောက်ထားတဲ့အတွက် အရမ်း ပေါ့ပါးပြီး ကျစ်လစ်သေးသွယ်တယ်လို့ ပြောပါတယ်။ ၀.၇၁ လက်မ အထူနဲ့ ၁.၈၆ ကီလိုဂရမ် အလေးချိန် ရှိပါတယ်။ ဒီလထဲ အမေရိကန်မှာ ၁,၃၇၀ ဒေါ်လာနဲ့ ရောင်းမှာ ဖြစ်ပြီး ၁၇ သိန်း ၇ သောင်းလောက် တန်ကြေးရှိပါတယ်။

Ref : gizmochina