Lenovo က ပါးလွှာ ပေါ့ပါးတဲ့ Yoga Series လက်ပ်တော့တွေကို ထုတ်လုပ်ရောင်းချနေပါတယ်။ အခုလည်း Lenovo Yoga Air 14s ကို ကြေညာလိုက်ပြီး ဒီဇိုင်း အလွန် လှပပါတယ်။ ၁.၂၈ ကီလိုဂရမ်ပဲ အလေးချိန်ရှိပြီး အလွန်ပါးလွှာပါတယ်။

Lenovo YOGA Air 14s lightweight laptop released equipped with 2.9K OLED touchscreen - TechGoing

Yoga Air 14s မှာ AMD R7 7840S Processor မောင်းနှင်ထားပြီး 32GB Memory , 1TB SSD , 70Wh Battery နဲ့ 65W Power Adapter ထည့်သွင်းထားပါတယ်။ R7 7840S Processor ဟာ ပါးလွှာပေါ့ပါးတဲ့ လက်ပ်တော့တွေအတွက် ဒီဇိုင်းထုတ်ထားတဲ့ စွမ်းရည်မြင့် Processor ဖြစ်ပါတယ်။

⚡Анонсирован легкий и мощный ноутбук Lenovo Yoga Air 14s 2023 — 3K OLED, Ryzen 7 7840S, 32 ГБ ОЗУ | Ноутбуки | Новости | Клуб DNS

Lenovo Yoga Air 14s မှာ 14.5” မျက်နှာပြင် တပ်ဆင်ထားပြီး 2.9k Resolution ဖြစ်ပါတယ်။ 90Hz Refresh Rate နဲ့ 100% P3 Color Gamut ထောက်ပံ့ထားပြီး OLED Panel ဟာ 600 nits Brightness ပါတဲ့ ထိတွေ့မျက်နှာပြင် ဖြစ်ပါတယ်။ Multimedia အတွက် ကောင်းမွန်တဲ့ စပီကာ ၆ လုံး ထည့်သွင်းထားပါတယ်။

Lenovo က Yoga Air 14s အတွက် အစိမ်းနဲ့ ငွေရောင် ထုတ်လုပ်ထားပါတယ်။ ကုမ္ပဏီရဲ့ တရားဝင် ဝက်ဘ်ဆိုက်မှာ ကြိုတင်မှာယူနိုင်ပြီ ဖြစ်ပြီး Lenovo က ရောင်းချမယ့် အချိန်နဲ့ ဈေးနှုန်းကို မပြောသေးပါဘူး။ Yoga Air 14s ကို အစောပိုင်း တရုတ်မှာပဲ ရောင်းချပေးမှာ ဖြစ်ပြီး လာမယ့်လတွေမှာ တခြား နိုင်ငံတွေမှာ ရောင်းချမှာပါ။

Ref : gizmochina