Lenovo ဟာ ခေါက်လိပ်လို့ရတဲ့ (rollable) လက်ပ်တော့ မျက်နှာပြင်တွေအပေါ်မှာ အစွမ်းကုန် ပုံအောထားတဲ့ တစ်ခုတည်းသော PC ကုမ္ပဏီဖြစ်ပါတယ်။ CES 2025 မှာ ThinkBook Plus Gen 6 Rollable AI PC ကို မိတ်ဆက်ပြီး ဇွန်လမှာ စတင်ရောင်းချခဲ့ပြီးနောက် ကုမ္ပဏီအနေနဲ့ CES 2026 မှာ မော်ဒယ်သစ်တစ်ခုနဲ့ ဒီစီးရီးကို တိုးချဲ့ဖို့ ပြင်ဆင်နေပါတယ်။

Windows Latest ရဲ့ အဆိုအရ Lenovo ဟာ နောက်နှစ် ဇန်နဝါရီလမှာ ThinkPad Rollable XD Concept PC အသစ်ကို ပြသဖို့ စီစဉ်နေပါတယ်။ သူ့ရဲ့ ရှေ့ထွက်မော်ဒယ်လိုပဲ Rollable XD ဟာ မျက်နှာပြင်အရွယ်အစားကို ပြောင်းလဲလို့ရမယ့် သဘောတရားကို အသုံးပြုထားပါတယ်။ ပုံမှန်အနေအထားမှာ 13.3-inch မျက်နှာပြင် ပါဝင်မှာဖြစ်ပြီး ဒေါင်လိုက်ဆွဲဆန့်လိုက်ရင်တော့ ကြီးမားတဲ့ 16-inch အကျယ်အဝန်းအထိ ရရှိလာမှာ ဖြစ်ပါတယ်။

ဒီ concept ကို အထူးစိတ်ဝင်စားစရာ ကောင်းစေတာကတော့ rollable panel ကို Lenovo ကိုင်တွယ်ထားပုံပဲ ဖြစ်ပါတယ်။ Windows Latest ရဲ့ အဆိုအရ ကုမ္ပဏီဟာ ပုံမှန် သတ္တု ဒါမှမဟုတ် ပလပ်စတစ် ကိုယ်ထည်အစား ဖောက်ထွင်းမြင်နိုင်တဲ့ မှန်အနောက်ဘက်ကာဗာကို အသုံးပြုထားပါတယ်။ အသုံးပြုမနေတဲ့အချိန်မှာ flexible panel က ကွေးပြီး (ဒါမှမဟုတ်) လိပ်ပြီး အဲဒီမှန်ရဲ့ နောက်ဘက်ထဲ ဝင်နေမှာ ဖြစ်ပါတယ်။
ဒီအိုင်ဒီယာက ငြင်းလို့မရအောင် မိုက်နေပေမယ့် flexible screen ရဲ့ အစိတ်အပိုင်းအတော်များများက အမြဲတမ်း အပြင်မှာ ပေါ်နေမယ်ဆိုတဲ့ သဘောလည်း ဖြစ်နေပါတယ်။ သတင်းအချက်အလက်တွေအရတော့ Lenovo နဲ့ Corning တို့ဟာ ဒီကိစ္စကို ဖြေရှင်းဖို့ 180-degree Corning Gorilla Glass Victus 2 အလွှာကို အသုံးပြုထားတယ်လို့ သိရပါတယ်။
Lenovo အနေနဲ့ အတွင်းဘက် မျက်နှာပြင်က အချက်အလက်တွေကို အပြင်ဘက်မှာ ပြသနိုင်အောင် လုပ်ဆောင်ပေးခြင်းအားဖြင့် ဒီအပြင်ဘက် မျက်နှာပြင်ကို အကျိုးရှိရှိ အသုံးချလာနိုင်ပါတယ်။ Windows Latest ကတော့ သူတို့ရဲ့ သတင်းရင်းမြစ်တွေက Rollable XD ကို Lenovo ရဲ့ မျိုးဆက်သစ် “contextual intelligent devices” တွေရဲ့ ရှေ့ပြေးနမူနာအဖြစ် ဖော်ပြကြတယ်လို့ ဆိုပါတယ်။
ထင်ထားတဲ့အတိုင်းပဲ AI ကလည်း ဒီအထဲမှာ ပါဝင်နေပါတယ်။ ThinkPad Rollable XD Concept မှာ AI စွမ်းအင်သုံး တိုက်ရိုက်ဘာသာပြန်စနစ်၊ voice assistant နဲ့ app တွေဖွင့်ဖို့၊ mode တွေပြောင်းဖို့အတွက် touch ၊ swipe gestures နဲ့ voice control တွေအပါအဝင် ထိန်းချုပ်မှုစနစ်မျိုးစုံ ပါဝင်လာမယ်လို့ ဆိုပါတယ်။
ဒါက တကယ့်ထုတ်ကုန်တစ်ခု ဖြစ်လာမလားဆိုတာ မေးခွန်းထုတ်စရာ ရှိနေသေးပေမယ့် Lenovo ကတော့ လက်ပ်တော့ မျက်နှာပြင်တွေကို ဘယ်လောက်အထိ ဆွဲဆန့်လို့ရနိုင်မလဲဆိုတာ စမ်းသပ်ဖို့ သန္နိဋ္ဌာန်ချထားတာ ထင်ရှားပါတယ်။
Ref : gizmochina