မြန်မာပြည်သူပြည်သားတွေ အခက်အခဲတွေ့ချိန်တွေမှာ တစ်ထောင့်တစ်နေရာကပါဝင်ပြီး ကူညီလှူဒါန်းမှုတွေပြုလုပ်လျက်ရှိတဲ့ အူရီဒူးမြန်မာအနေနဲ့ လက်ရှိမြန်မာနိုင်ငံမှာဖြစ်ပွားလျက်ရှိတဲ့ COVID-19 ရောဂါနဲ့ပတ်သတ်ပြီး ကာကွယ် ကုသ ထိန်းချုပ်ရေးအတွက် အသွားအလာကန့်သတ်ခြင်းခံထားရသူများအသုံးပြုနိုင်ရန် 1GB ဒေတာနှင့် ဖုန်းငွေများပါရှိတဲ့ အူရီဒူးဆင်းကဒ် ၁၀၀၀ ကို ရန်ကုန်တိုင်းဒေသကြီး အစိုးရထံ ကူညီလှူဒါန်းခဲ့ပါတယ်။ ရောဂါကာကွယ်ရေးအတွက် အသွားအလာ ကန့်သတ်ခြင်းခံထားရသူများအနေနဲ့ မိသားစုမိတ်ဆွေများကို အချိန်မရွေး ဆက်သွယ်နိုင်ဖို့နဲ့ တာဝန်ရှိသူများက ကျန်းမာရေးအခြေအနေကို ပိုမိုကောင်းမွန်စွာ စောင့်ကြပ်ကြည့်ရှုနိုင်ဖို့ ရည်ရွှယ်ချက်နဲ့ ဆင်းကတ်တွေ လှူဒါန်းပေးခဲ့တာဖြစ်ပါတယ်။

အခုလိုခက်ခဲနေချိန်မှာ ပြည်သူအားလုံး အဆက်အသွယ်မပြတ်ရှိနေစေဖို့ ကူညီလှူဒါန်းမှုတွေပြုလုပ်လျက်ရှိတဲ့ အူရီဒူးမြန်မာအနေနဲ့ သုံးစွဲသူတွေ ပိုမိုအဆင်ပြေသက်သာစေမယ့် အကောင်းဆုံးအစီအစဥ်တွေကိုလည်း မိတ်ဆက်ပေးလိုက်ပြန်ပါတယ်။ အူရီဒူးသုံးစွဲသူတွေအနေနဲ့ မိမိကြိုက်နှစ်သက်တဲ့နည်းလမ်းဖြင့် ဖုန်းငွေဖြည့်တိုင်းမှာ ၁၂၀% ငွေဖြည့်အပိုလက် ဆောင်များရရှိနိုင်မှာဖြစ်ပြီး အပိုလက်ဆောင်တွေကို ၅ ရက်အတွင်း သုံးသလောက်ပေးနှုန်းထားနဲ့ ဒေတာနှင့် အူရီဒူးအချင်း ချင်းဖုန်းခေါ်ဆိုမှုတို့အတွက် သုံးနိုင်မှာဖြစ်ပါတယ်။

နောက်ထပ်အစီအစဥ်တစ်ခုကတော့ 1GB ကိုမှ ၉၉၉ ကျပ်တည်းနဲ့ ဝယ်ယူနိုင်မယ့်အစီအစဥ်ကိုလည်း ထည့်သွင်းပေးထားပြီး ရက်လွန်ဒိတ်မတိုင်ခင်အထိ ပက်ကေ့ချ်အသစ်ပြန်ဝယ်မယ်ဆိုရင် ကျန်နေသေးတဲ့ Data တွေကို ဆုံးရှုံးရမှာမဟုတ်တော့ပါဘူး။ ဒီလိုမျိုး ချိုသာစျေးနှုန်းနှင့် ဒေတာတွေဝယ်ယူချင်ရင်တော့ *140# ကိုခေါ်ဆို၍ဖြစ်စေ My Ooredoo App ကိုအသုံးပြု၍ဖြစ်စေ ဝယ်နိုင်မှာဖြစ်ပါတယ်။ အူရီဒူးကမိတ်ဆက်လိုက်တဲ့ အစီအစဥ်တွေနဲ့ ပတ်သတ်ပြီး အသေးစိတ်ကိုလည်း အူရီဒူးမြန်မာဝက်ဆိုဒ်မှာ ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။ ဒါကြောင့် အူရီဒူးနဲ့ဆိုရင် အခုလိုအခက်အခဲဆုံးအချိန်တွေမှာတောင် ချစ်ခင်ရသူတွေနဲ့ လူချင်းမတွေ့နိုင်ပေမယ့် အချိန်မရွေးနေရာမရွေး အဆက်အသွယ်လုပ်နိုင်မှာပါ။

လက်ရှိဗိုင်းရပ်စ်ရောဂါနဲ့ပတ်သတ်ပြီး အစိုးရနဲ့ သတင်းမီဒီယာတွေက ထုတ်ပြန်တဲ့ မှန်ကန်တဲ့သတင်းအချက်အလက်တွေကိုလည်း အချိန်နဲ့ တပြေးညီသိနိုင်ဦးမှာဖြစ်ပြီး အားလပ်ချိန်တွေမှာလည်း မိမိစိတ်ဝင်စားတဲ့ ပညာရပ်တွေကိုလည်း လေ့လာနိုင်တဲ့အပြင် ဂိမ်းတွေဖျော်ဖြေရေးအစီအစဥ်တွေကိုလည်း စက္ကန့်မလပ်အသုံးပြုနိုင်မှာဖြစ်ပါတယ်။ ဒါကြောင့် အူရီဒူးနဲ့အတူ ချစ်ခင်ရသူအားလုံးနဲ့ အဆက်သွယ်မပြတ်ရှိနေနိုင်ပြီး ကပ်ရောဂါဆိုးကြီးပြီးဆုံးသွားတဲ့အထိ အားလုံးကျန်းကျန်းမာမာနဲ့ အတူတူကျော်ဖြတ်လိုက်ကြရအောင်။