ခရစ္စမတ်နဲ့ နှစ်သစ်ကူးကာလဆိုတာ ပျော်ရွင်စရာကောင်းတဲ့အခါသမယ၊ ချစ်ခြင်းမေတ္တာတွေနဲ့ ပြည့်ဝနေတဲ့အချိန်အခါ၊ တစ်နှစ်တာလုံးဆောင်ရွက်ခဲ့သည့် ကြည်နူးစရာ အမှတ်တရတွေ ဖန်တီးကြတဲ့အချိန်လို့ ဆိုကြပါတယ်။ ဒါကြောင့်လည်း ယခုလိုအချိန်အခါသမယမှာ မိမိချစ်ခင်ရတဲ့သူတွေကို လက်ဆောင်ပေးဖို့၊ အမှတ်တရများစွာကို ဖန်တီးကြဖို့ ကြိုတင်ပြင်ဆင်ရင်ခုန်နေကြတာပဲဖြစ်ပါတယ်။ လက်ဆောင်ရတဲ့သူအနေဖြင့်လည်း မိမိကိုယ် အမှတ်ရခြင်း၊ လက်ဆောင်ပေးပို့ခြင်းအတွက် ကျေနပ်မှုကိုခံစားရသလို့ရတဲ့အတွက် ပျော်ရွှင်မှုကိုခံစားရသလို ပေးပို့သူအနေဖြင့်လည်း လက်ဆောင်လက်ခံတဲ့သူပျော်ရွင်တာကို မြင်ပြီး ကြည်နူးဝမ်းမြောက်ရပါတယ်။ ထိုအပြင် ဒီအချိန်မှာ လက်ဆောင်ပစ္စည်းမျိုးစုံကို ပုံစံမျိုးစံဖြင့် နေရာဒေသမရွေး၊ အသက်အရွယ်မရွေး ပေးနိုင်သလို၊ လက်ခံရရှိနိုင်တဲ့ ထူးခြားချက်များ အားသာ ချက်များလည်း ရှိပါသေးတယ်။

ကမ္ဘာ့ကပ်ရောဂါ COVID-19 ခြိမ်းခြောက်မှုများကြောင့် ၂၀၂၀ ဟာ ခါတိုင်းနှစ်တွေနဲ့မတူတဲ့ new normal အခါသမယဖြစ်လာပါတယ်။ အခြေအနေက ဘယ်လိုပြောင်းလဲနေပါစေ ဒီလိုအချိန်မှာ ပျော်ရွှင်စရာနဲ့ ချစ်ခြင်း မေတ္တာတွေကို ဝေမျှခြင်းကတော့ ဘယ်တော့မှ ပြောင်းလဲသွားမယ့် အရာ မဟုတ်ပါဘူး။ MytelPay အနေဖြင့် ယခုကဲ့သို့အခက်ခဲများကို ရင်ဆိုင်နေရအချိန်မှာ ပျော်စရာတွေနဲ့ ချစ်ခြင်းမေတ္တာတွေကို မျှဝေဖို့ အရေးကြီးတယ်လို့ ယုံကြည်ထားတာကြောင့် ၂၀၂၀ ခုနှစ်ကိုနှုတ်ဆက်ပြီး ၂၀၂၁ ကို ကြိုဆိုတဲ့အချိန်မှာ သုံးစွဲသူ ပြည်သူလူထုတွေကို မေတ္တာ တုံ့ပြန်သည့်အနေဖြင့် လက်ဆောင်တွေ ပေးဖို့ ပြင်ဆင်ထားပါတယ်။

မိုင်လက်ဆောင်အစီအစဉ်ကနေ လက်ဆောင်ရယူဖို့နည်းလမ်းက အလွန်လွယ်ကူပါတယ်။ လက်ဆောင်ရယူဖို့ အတွက် MytelPay ကို login ဝင်ပြီး ငွေလွှဲတာ၊ ဖုန်းဘေလ်ဖြည့်တာ၊ အွန်လိုင်းကနေငွေသွင်းတာ၊ အင်တာနက် ဘေလ်ပေးချေတာတွေလုပ်ဖို့လိုအပ်ပါတယ်။ အဲလို့ login တစ်နေ့တစ်ခါဝင်တိုင်းမှာ game ဆော့ပြီး လက်ဆောင် ကံထူးနိုင်မယ့် အခွင့်အရေးတစ်ကြိမ်ရမှာဖြစ်ပါတယ်။ ဒါကြောင့် နေ့တိုင်း login လုပ်ပြီး ငွေလွှဲတာ၊ ဖုန်းဘေလ် ဖြည့်တာ၊ အွန်လိုင်းကနေငွေသွင်းတာ၊ အင်တာနက်ဘေလ်ပေးချေတာတွေ လုပ်လေလေ၊ game ဆော့နိုင်မယ့် အခေါက်ရေများလေလေ၊ လက်ဆောင်ရမယ့်အခွင့်အရေး ပိုများလေလေပါပဲ။ ကဲ.. လွယ်လွယ် လေးပဲမလား။ ပါဝင်နိုင်တဲ့ နည်းလမ်းကလွယ်လွန်းတော့ လက်ဆောင်တွေက ကောင်းပါ့မလားလို့ တွေးမိ ကြတယ်မလား။ မပူပါနဲ့။ နည်းလမ်းကလွယ်ကူပေမယ့် ဆုတွေကတော့ Mytel ထုံးစံအတိုင်း အလန်းစားတွေပါ။ မိုင်လက်ဆောင် အစီအစဉ်မှာ ပါဝင်တဲ့လက်ဆောင်တွေက iPhone 12၊ PlayStation 5၊ Mobile Legends Skin တွေ၊ Mobile Legends Diamonds အပါအဝင် အခြားလက်ဆောင်တွေပဲ ဖြစ်ပါတယ်။ ပရိုမိုးရှင်း ကာလက ၂၀၂၀ ခုနှစ် ဒီဇင်ဘာ ၂၃ ရက်နေ့ကနေ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၂၁ ရက်နေ့အထိမို့ အခုပဲ MytelPay ကို သုံးပြီး လက်ဆောင် ရယူဖို့ အသိပေးလိုက်ပါတယ်။

ဒီအစီအစဉ်မှာ ပါဝင်ဖို့ MytelPay app တော့ရှိနေဖို့လိုအပ်ပါတယ်။ မရှိသေးဘူးဆိုလည်း onelink.to/mytelpay လင့်ကနေ ဒေါင်းလုဒ်ရယူနိုင်ပါတယ်။ Application လည်းရှိပြီဆိုရင် မိုင်လက်ဆောင် အစီအစဉ်မှာပါဝင်ပြီး လက်ဆောင်ယူဖို့ပဲ ကျန်ပါတော့တယ်။ ဒီအစီအစဉ်လေးကို ၂၀၂၀ ဒီဇင်ဘာ ၂၃ ရက်နေ့ကစလို့ ၂၀၂၁ ဖေဖော်ဝါရီ ၂၁ ရက်နေ့အထိ ပြုလုပ်ပေးသွားမှာပါ။ ဒါကြောင့် စာဖတ်သူအားလုံးလည်း ဒီဇင်ဘာ ၂၃ရက်နေ့ကစပြီး MytelPay ကို နေ့တိုင်း login လုပ်ပြီး လက်ဆောင်ကံစမ်းကြဖို့ တိုက်တွန်းအသိပေးလိုက်ရပါတယ်။