မြန်မာနိုင်ငံရဲ့ အကောင်းဆုံး အော်ပရေတာ Mytel ဟာ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းနယ်ပယ်တွင်းကို စတုတ္တမြောက် အော်ပရေတာအဖြစ် ဝင်ရောက်လာခဲ့တာ အခုဆို ၂ နှစ်တိုင်ခဲ့ပါပြီ။ ဒီ ၂ နှစ်အတွင်းမှာပဲ သုံးစွဲသူ စုစုပေါင်း ၁၀ သန်းလည်း ပြည့်ခဲ့ပါတယ်။ ၂ နှစ်တာခရီးကို ပြန်လှည့်ကြည့်ရင် Mytel ဟာ မှတ်တိုင်အများကြီး စိုက်ထူနိုင်ခဲ့တယ်လို့ ပြောလို့ရပါတယ်။

ပထမဆုံး Mytel ဝန်ဆောင်မှု တရားဝင်စတင်ခဲ့တဲ့ ၂၀၁၈ ခုနှစ်ကို ပြန်ကြည့်ရင် လုပ်ငန်းစတင်ပေးခဲ့တဲ့ ပထမ ရက်အနည်းငယ်အတွင်းမှာ သုံးစွဲသူ ၁ သန်းပြည့်ခဲ့ပါတယ်။ အဲဒီနောက် တစ်လကျော်ကျော်အတွင်းမှာပဲ သုံးစွဲသူ ၂ သန်းပြည့်ခဲ့တာမို့ အရှေ့တောင်အာရှရဲ့ ဖွံ့ဖြိုးမှုအမြန်ဆန်ဆုံး တယ်လီကွန်းတွေထဲကတစ်ခုအဖြစ် စံချိန်တင်နိုင်ခဲ့ ပါတယ်။ ဒီလို စံချိန်ကောင်းတွေနဲ့ တာထွက်ခဲ့တဲ့ Mytel ဟာ ၂ နှစ်ပြည့်တဲ့ ဒီ ၂၀၂၀ ခုနှစ် မှာအောင်မြင်မှုအဖြစ် တယ်လီကွန်းဈေးကွက်ရဲ့ တတိယမြောက်နေရာမှာ ရပ်တည်လာနိုင်ပါတယ်။ ဈေးကွက်ထဲကို နောက်ဆုံးမှဝင်လာခဲ့တဲ့ Mytel ဟာ ဒီလိုနေရာကို လွယ်လွယ်ကူကူနဲ့ ရောက်ခဲ့တာတော့ မဟုတ်ပါဘူး။ သုံးစွဲသူများအတွက်အသုံးဝင်တဲ့ အစီအစဉ်ကောင်းတွေကို အမြဲအားထုတ်ကြံဆ အကောင်အထည်ဖော်ခဲ့လို့ အများ ပြည်သူက ကြိုက်နှစ်သက်စွာ အသုံးပြုကြတဲ့အတွက်သာ ဒီလိုအောင်မြင်လာတာပါ။ Mytelဟာ သုံးစွဲသူတွေကို ဆန်းသစ်တဲ့ တီထွင်မှုတွေနဲ့ အကောင်းဆုံးဝန်ဆောင်မှုတွေကိုပေးဖို့ အစွမ်းကုန်ကြိုးစားနေတာဟာ အားလုံးအသိပါပဲ။ ဒီလို ကြိုးပမ်းမှုကြောင့်ပဲ Mytel ဟာ eSIM, VoLTE နဲ့ 5G နည်းပညာ အစရှိတာတွေကို အချိန်တိုအတွင်းမှာ မိတ်ဆက် ပေးနိုင်ခဲ့ပါတယ်။

ဒါတင်မက Mytel ဟာ အများပြည်သူတွေ လိုအပ်တဲ့ဝန်ဆောင်မှုကို တစ်နေရာထဲမှာ အဆင်ပြေပြေနဲ့ အလွယ်တကူ သုံးနိုင်ဖို့ MyID အပ်ပလီကေးရှင်းကို မိတ်ဆက်ပေးခဲ့ပါတယ်။ ဒီအပ်ပလီကေးရှင်းဟာ Mytel SIM ကဒ်သုံးတဲ့သူတွေအတွက် OK Mytel, Loyalty နဲ့ Infinity plan တို့လို အထူးဝန်ဆောင်မှုတွေအပြင် ပျော်ရွှင်စရာ ကစားနိုင်သော ဂိမ်းများ၊ ပုတက်ကာတွန်းများ တေးသီချင်း၊ ရုပ်ရှင်၊ သတင်းနဲ့အလုပ်အကိုင်အခွင့်အလမ်းအစရှိတဲ့ ကဏ္ဍတွေအပြင် ကျန်းမာရေးဝန်ကြီးဌာန၏ခွင့်ပြု ချက်ဖြင့် ကမ္ဘာ့ကပ်ရောဂါ COVID-19 ဆိုင်ရာသတင်းအချက်အလက်တွေကို ဖော်ပြထားတဲ့ကဏ္ဍ စသည်ဖြင့် စုံစုံလင်လင်ပါဝင်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး Digital hub ပဲဖြစ်ပါတယ်။ ဒီ MyID အက်ပလီကေးရှင်းကို ၂၀၁၉ ခုနှစ် အောက်တိုဘာလမှာ စတင်မိတ်ဆက်ခဲ့ပြီး ပထမ ၇ လအတွင်း မှာပဲ သုံးစွဲသူပေါင်း ၂ သန်းပြည့် သွားခဲ့ပါတယ်။ ဒါတင်မက Mytel က MytelPay ဆိုတဲ့ e-wallet ဝန်ဆောင်မှုကိုလည်း မိတ်ဆက်ခဲ့ပါသေးတယ်။ လူကြိုက်များထင်ရှားပြီး Mytel နဲ့ အမြဲတပါတည်း အမှတ်ရနေစေတဲ့ Shake The Amazing ပရိုမိုးရှင်း အစီအစဉ်၊ 1s=1s Mimi အစီအစဉ်၊ Golden New Year promo အစီအစဉ်တို့လို အစီအစဉ်တွေအပြင် အခုနောက်ဆုံး မိတ်ဆက်လိုက်တဲ့ Elofun ဂိမ်းနဲ့ Fight Covid-19 ဂိမ်း တို့လို တမူထူခြားတဲ့ ဝန်ဆောင်မှုတွေကို သုံးစွဲသူတွေ ပျော်ရွှင်ရင်ခုန်ရအောင် မိတ်ဆက်ပေးခဲ့ပါ သေးတယ်။

Mytel ဟာ အားကစားကဏ္ဍရဲ့ အရေးပါပုံကို နားလည်ထားတဲ့ အော်ပရေတာလည်းဖြစ်လို့ e-Sports နယ်ပယ် အပါအဝင် မြန်မာနိုင်ငံရဲ့ အားကစားကဏ္ဍအားလုံးကို အားပေးထောက်ပံ့နိုင်ဖို့ မျှော်မှန်းထားပါတယ်။ ဒီရည်ရွယ်ချက် ကြောင့် ၂၀၁၉ မြန်မာ ဆီးဂိမ်းမှာ အနိုင်ရခဲ့တဲ့ အားကစား သမားတွေကို ဂုဏ်ပြုချီးမြှင့်ခဲ့သလို မြန်မာနိုင်ငံရဲ့ e-Sports လောကကို တစ်ဖက်တစ်လမ်းက မြှင့်တင်နိုင်ဖို့ Mobile Legends နဲ့လက်တွဲခဲ့တာဖြစ်ပါတယ်။

Mytel က စီးပွားရေးနဲ့သက်ဆိုင်တဲ့ မှတ်တိုင်သာမက မြန်မာနိုင်ငံသားများ တိုးတက်ရေးနှင့် စွမ်းဆောင်ရည် မြင့်တက်ရေးအတွက်ရှေးရှုတဲ့ လူမှုအကျိုးပြုလုပ်ငန်းအစီအစဉ်တွေနဲ့လည်းမှတ်တိုင်တွေ စိုက်ခဲ့ပါသေးတယ်။ Mytel အနေနဲ့ စီးပွားရေးလုပ်ငန်းကို စတင်အကောင်အထည်ဖော်ချိန်ကတည်းက လူမှုအကျိုးပြုလုပ်ငန်းတွေလုပ် ဆောင်ဖို့အတွက် ရန်ပုံငွေကိုလျာထားခဲ့ပြီးတော့ ဒီရန်ပုံငွေကို အဓိကအားဖြင့် ပညာရေးနှင့် ကျန်းမာရေး ကဏ္ဍများမှာ အသုံးပြုသွားဖို့ ရည်ရွယ်ထားပါတယ်။ လူမှုအကျိုးပြုလုပ်ငန်းတွေကို လုပ်တဲ့အခါမှာ Mytel ရဲ့ လူမှုအကျိုးပြုအစီအစဉ်တချို့ကတော့ ကျောင်းတွေမှာမြန်နှုန်းမြင့်အင်တာနက် တပ်ဆင်ပေး နေတဲ့ “School Internet” အစီအစဉ်၊ နိုင်ငံတဝှမ်းက ကျန်းမာရေး၊ ပညာရေးနှင့် အခြားလူမှုရေး အခက်အခဲများ ကြုံတွေ့နေရတဲ့ ကလေးငယ်များကို ပံ့ပိုးကူညီထောက်ပံ့ဖို့ ရည်ရွယ်ပြီး ထူထောင်ခဲ့တဲ့ “Empower My Children” ဖောင်ဒေးရှင်းအစီအစဉ်တို့ပဲဖြစ်ပါတယ်။ ဒီလိုမျိုး နဂိုကတည်းကချမှတ်ထားတဲ့ စီမံကိန်းတွေကို အကောင်အထည် ဖော်နေသလိုပဲ အခြေအနေနဲ့အချိန်အခါအရ ပေါ်ပေါက်လာတဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးဖို့ အစီအစဉ်တွေကို လည်း လုပ်ဆောင်ပါတယ်။ အဲဒါကတော့ Covid 19 ကပ်ရောဂါဖြစ်ပွားတဲ့ကာလမှာ ငွေကြေးလှူဒါန်းတာ၊ ပြည်သူလူထုအနေဖြင့်SMSနဲ့အလှူငွေများလှူဒါန်းနိုင်အောင်ဆောင်ရွက်ပေးတာ၊ ဒေသအလိုက်ကျန်းမာရေးဆိုင်ရာ ရှာဖွေကယ်ဆယ်ရေးကူညီဆောင်ရွက်နေသူတွေကိုအထောက်အကူပြုဘို့ COVID-19 ကာလအသုံးပြုနိုင်တဲ့ SIM Card တွေထောက်ပံ့ပေးတာ၊ ကျန်းမာရေးဆိုင်ရာHot Line နံပါတ်တွေကိုအလွယ်တကူခေါ်ဆိုနိုင်အောင်ဆောင်ရွက်ပေးတာ၊ ဆေးရုံနဲ့ ကျန်းမာရေးဝန်ထမ်းတွေ အဆင်ပြေစေဖို့ ခွဲစိတ်ခန်းသုံးမျက်နှာဖုံးနဲ့ ဆေးဘက်ဆိုင်ရာပစ္စည်းတွေလှူဒါန်းတာ၊ အင်တာနက်ဝန်ဆောင်မှုပေးတာကို ပြုလုပ်ခဲ့သလို တစ်နိုင်ငံလုံးမှာ “Safe Markets” အစီအစဉ်လုပ်ဆောင်နိုင်ဖို့ လိုအပ်တဲ့ထီးနဲ့ Masks တွေလှူဒါန်းတာတွေဆောင်ရွက်ခဲ့ပါတယ်။

ဒီလိုမျိုး ထူးခြားထင်ရှားတဲ့မှတ်တိုင်တွေကို ၂ နှစ်အတွင်းစိုက်ထူခဲ့နိုင်တာဟာMytel မှ တာဝန်ရှိသူ များရဲ့အမြော်အမြင် ကြီးမားမှု၊ကောင်းမွန်တဲ့စီမံခန့်ခွဲမှုနဲ့ခေါင်းဆောင်မှု၊လိုအပ်တဲ့ထောက်ပံ့ပေးမှု၊ ဝန်ထမ်းတွေရဲ့ စည်းစည်း လုံးလုံးဆောင်ရွက်မှုနဲ့အပတ်တကုပ်ကြိုးစားအားထုတ်မှုတွေအပြင် နဲ့သုံးစွဲသူမိဘပြည်သူတွေရဲ့ ယုံယုံကြည်ကြည် အားပေးခဲ့မူများကြောင့်လည်းဖြစ်ပါတယ်။

Mytel ဟာ မြန်မာ့ဆက်သွယ်ရေးကဏ္ဍနဲ့ မြန်မာနိုင်ငံသားတွေရဲ့အကျိုးစီးပွားဖြစ်ထွန်းအောင်မြင်စေရေးကို အဘက်ဘက်မြှင့်တင့်ပေးနိုင်မဲ့ တမူထူးခြားတဲ့ အစီအစဉ်တွေ ဆက်လက်ဖော်ဆောင်ခြင်းအားဖြင့် မှတ်တိုင်သစ်တွေကို စိုက်ထူဖို့ဦးလည်မသုန်တာဝန်တစ်ရပ်အနေနဲ့ ဆက်လက် ကြိုးစားနေဦးမှာဖြစ်ပါကြောင်း တင်ပြလိုက်ပါတယ်။