တောင်ကိုရီးယားနည်းပညာကုမ္ပဏီကြီးတစ်ခုဖြစ်တဲ့ LG က သူတို့ရဲ့ မိုလ်ဘိုင်းဌာနခွဲကို ထိရောက်တဲ့ တိုးမြှင့်မှုတွေပြုလုပ်ဖို့အတွက် ပြန်လည်ဖွဲ့စည်းမှုပြီးမြောက်သွားကြောင်း၊ Outsourcing ရောင်းချခြင်းနဲ့ သူတို့ရဲ့ အနိမ့်တန်းကနေ အလယ်အလတ်တန်းစား စမတ်ဖုန်းတွေအတွက် ကုန်ကျစရိတ်ကိုလျှော့ချပြီး၊ ပြိုင်ဘက်တွေကို သိသိသာသာ ယှဉ်ပြိုင်နိုင်မှာဖြစ်ကြောင်း ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။

ကုမ္ပဏီကြီးရဲ့ လက်အောက်ခံကုမ္ပဏီခွဲဖြစ်တဲ့ မိုလ်ဘိုင်းဆက်သွယ်ရေးဟာ လွန်ခဲ့တဲ့ငါးနှစ်တာကာလအတွင်းမှာ ကျဆင်းမှုတွေကြုံတွေ့ခဲ့ရတာဖြစ်ပါတယ်။ ရှုံးနိမ့်တဲ့ လုပ်ငန်းလည်ပတ်မှုအစီရင်ခံစာတွေကို သုံးလပတ်ပေါင်း ၂၂ ပတ်ဆက်တိုက်ဆိုသလို တင်ပြခဲ့ရပြီးတဲ့နောက် စီမံခန့်ခွဲမှုအသစ်နဲ့ Original Design Manufacturer (ODM) ဆီ ဦးတည်သွားကြောင်း ကုမ္ပဏီရဲ့ ပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့ပါတယ်။

LG ဟာ ပြီးခဲ့တဲ့နှစ်က ODM ကို အလယ်အလတ်တန်းစား စမတ်ဖုန်းတွေဆီ ချဲ့ထွင်ခဲ့ပြီး၊ အခုအချိန်မှာ Low-end စမတ်ဖုန်းတွေအထိ ဆက်ပြီးချဲ့ထွင်သွားမယ်လို့ ဆိုပါတယ်။ ကုမ္ပဏီအနေနဲ့ LG အမှတ်တံဆိပ်ရဲ့ နာမည်နဲ့ထုတ်ကုန်တွေကို ပြင်ဆင်ထိန်းသိမ်းနေချိန်မှာ သူ့စမတ်ဖုန်းတွေရဲ့ ဒီဇိုင်းနဲ့ ထုတ်လုပ်မှုကို Outsource ထားမှာဖြစ်တယ်လို့ သိရပါတယ်။ သုတေသနနဲ့ ထုတ်လုပ်မှုပိုင်းနေရာတချို့ကို ချန်လှပ်ထားခဲ့ပြီး Business model အသစ်နဲ့ အံဝင်အောင်လို့ ပြန်လည်ချိန်ညှိခဲ့ပါတယ်။

ဒီအပြောင်းအလဲဟာ LG အနေနဲ့ High-end စမတ်ဖုန်းတွေရဲ့ ထုတ်လုပ်မှုပိုင်း၊ သုတေသနဲ့ ဖွံ့ဖြိုးတိုးတက်မှုအပိုင်းကို ကုမ္ပဏီတွင်းကပဲ ပြုလုပ်သွားမှာဖြစ်ပြီး၊ Low နဲ့ Mid-end တွေကတော့ ODM က ထုတ်လုပ်ပေးမှာ ဖြစ်ပါတယ်။ Strategy Analytics အရ လွန်ခဲ့တဲ့ ၂၀၁၃ ခုနှစ်တုန်းက LG ဟာ ကမ္ဘာ့စမတ်ဖုန်းဈေးကွက်မှာ နံပါတ် ၃ ဖြစ်ခဲ့ပါတယ်။ ၇ နှစ်ကြာခဲ့ပြီးတဲ့နောက်၊ ကုမ္ပဏီဟာ OEMs ရဲ့ ထိပ်ဆုံး ၁၀ နေရာထဲကိုတောင် မဝင်ရောက်နိုင်ဘဲ ဖြစ်ခဲ့ရပါတယ်။

ဒီကာလတွေအတွင်းမှာ လည်ပတ်ငွေနဲ့ ဈေးကွက်ဝေစုတွေ အကြီးအကျယ်ကျဆင်းနေခဲ့ပြီး၊ Huawei, Xiaomi, OPPO နဲ့ Vivo တို့လို တရုတ်ကုန်အမှတ်တံဆိပ်တွေက ထိပ်ပိုင်းနေရာတွေဆီ ရောက်လာခဲ့ပါတယ်။ Counterpoint က လေ့လာဆန်းစစ်သူကတော့ LG ဟာ Apple, Samsung စတာတွေနဲ့မဘုတ်ဘဲ တရုတ်ပြိုင်ဘက်တွေနဲ့ယှဉ်ပြိုင်နေရတယ်လို့ ဖော်ပြခဲ့ပါတယ်။

Ref: Gizmochina