LG က ပြီးခဲ့တဲ့ လမှာ Velvet 5G အတွက် Android 11 Beta Build ကို စတင် ဖြန့်ချိပေးခဲ့ပါတယ်။ အဲဒီ Android 11 Beta Build မှာ Bug ကြီးကြီးမားမား မရှိဘဲ အဆင်ပြေချောမွတ်တဲ့အတွက် အခုတော့ LG Velvet အတွက် Android 11 Stable Update ကို ထုတ်ပေးလိုက်ပါပြီ။

LG Velvet 5G Android 11 stable update

LG Velvet 5G အတွက် Android 11 Stable Build ကို လက်ရှိ တောင်ကိုရီးယားမှာ ဖြန့်ချိပေးနေပြီး ဆော့ဖ်ဝဲ ဗားရှင်းနံပါတ်က G900N2C ဖြစ်ပါတယ်။ ဖိုင်အရွယ်အစားက 2.2GB လောက်ရှိတဲ့အတွက် ဝိုင်ဖိုင် ဆက်သွယ်မှုနဲ့ ဒေါင်းလုပ်လုပ်ရင် ပိုကောင်းပါတယ်။

LG Velvet 5G Android 11 stable update

အဲဒီ Update ရဲ့ Changelog အပြည့်အစုံကို မသိရသေးပေမယ့် UI ဒီဇိုင်း ပြောင်းလဲထားပြီး Android 11 လုပ်ဆောင်ချက်‌တွေ ပါလာမှာ သေချာပါတယ်။ တောင်ကိုရီးယားမှာ နေထိုင်ပြီး LG Velvet 5G ကိုင်ထားသူတွေအတွက် Android 11 Update ကို မကြာခင် ရတော့မှာ ဖြစ်ပါတယ်။ တခြား နိုင်ငံတွေမှာ ရဖို့ သိပ်မကြာတော့ဘူးလို့ ထင်ပါတယ်။

Velvet 5G ဟာ LG ရဲ့ ဒီဇိုင်း ဆန်းသစ်တဲ့ စမတ်ဖုန်း ဖြစ်ပြီး အထူးခြားဆုံးက အနောက်ကင်မရာတွေကို မိုးရေစက် ဒီဇိုင်း ဖန်တီးထားတာ ဖြစ်ပါတယ်။

Ref : gsmarena