လွန်ခဲ့တဲ့ ဧပြီလတုန်းက LG ဟာ စမတ်ဖုန်းဈေးကွက်ကို စွန့်ခွာမဲ့စကားတွေ ပြောခဲ့ဖူးပါတယ်။ ThinQ line ဟာ စွမ်းဆောင်ရည်ကောင်းပြီး အသိအမှတ်ပြုစရာဖြစ်ခဲ့ပေမဲ့ တောင်ကိုရီးယားအခြေစိုက် ကုမ္ပဏီကြီးရဲ့ နွံထဲနစ်နေတဲ့ မိုလ်ဘိုင်းဖုန်းဌာနခွဲကိုတော့ ဆွဲမတင်နိုင်ခဲ့တာလည်း ဖြစ်ပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် ကုမ္ပဏီအနေနဲ့ ထုတ်လုပ်ပြီးသားတွေအတွက် ဝန်ဆောင်မှုတွေကိုတော့ ဆက်ပြီးထောက်ပံ့ပေးနေတာကို တွေ့မြင်ရပါတယ်။ Samsung နဲ့ iPhone ကို ဘယ်လိုမှ မယှဉ်နိုင်ဘူးဆိုပေမယ့် LG Velvet ကတော့ ကုမ္ပဏီရဲ့ Come Back မျှော်လင့်ချက်မှာ နေရာတစ်နေရာ ရခဲ့ဖူးပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၀ ပြည့်နှစ် ဇူလိုင်မှာ မိတ်ဆက်ခဲ့တဲ့ LG Velvet ဟာ Android 10 အခြေခံ LG UX9 နဲ့ ထွက်လာခဲ့တာပါ။ ကုမ္ပဏီက Android 11 ကို Update လုပ်နိုင်တယ်ဆိုတဲ့ကတိကို ပေးခဲ့ပေမဲ့ Stable Update ကတော့ အခုမှရရှိတာလည်း ဖြစ်ပါတယ်။ ဒီ Stable Update ရဖို့ မတ်လကတည်းက သတင်းထွက်လို့ မျှော်နေခဲ့ကြရတာပါ။

နောက်ဆုံးမှာတော့ LG Velvet LTE အတွက် Android 11 Stable Update ရပြီဖြစ်ကြောင်း၊ Android 11 features တွေပါဝင်ပြီး Notification history, chat bubbles စတာတွေလည်း ပါဝင်ကြောင်း Korean community forum မှာ ဖော်ပြထားပါတယ်။ LG Velvet LTE ဟာ Qualcomm Snapdragon 845, 4300mAh battery, 6GB of RAM တွေ ထောက်ပံ့ထားတာ ဖြစ်ပါတယ်။

Ref: GSM Arena